" တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး ဘယ်အစိုးရတက်တက်၊ ဘယ်အစိုးရကလုပ်လုပ် ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ကျုပ်ပြောချင်တယ် "

Friday, July 31

JUDGMENT DAY


နအဖ ၏ နိဂုံး

ယနေ့ သည် ဒေါ်အောင်ဆန်းစုကြည် အပေါ် တဘက်သတ် မတရား စွဲဆိုထားသော ကမ္ဘာကျော် အမှုကြီးအား၊ စီရင်ချက် ချမှတ် မည့်နေ့ ဖြစ်ပါသည်။ ဒေါ်စုသည် အပြစ် မရှိကြောင်း ကို ကိုယ်တိုင် လည်း ပြတ်သားစွာ ပြောထားပြီး၊ ဥပဒေ ကြောင်း အရလည်း အပြစ် မရှိကြောင်း မှာ အထင်အရှား ဖြစ်သည်။ ထို့အပြင် ပညာဉာဏ် ကြီးမား သော ဒေါ်စု သည် နအဖ ၏ လူမဆန်စွာဖြင့် သူမအား ဥပဒေ မဲ့ အဆိုးဆုံး ပြစ်ဒဏ် ချမှတ် မည်ကိုကြိုတင် သိထားပြီဖြစ်၍ အသင့်ပြင်ထားပြီးဖြစ်သည်။

ထို အမှုသည် အံ့ဖွယ်ကောင်း လောက်အောင် မှားယွင်းနေ ပြီး အခြေအမြစ် မရှိ သည်ကို နအဖထိပ်ပိုင်း ခေါင်းဆောင်းကြီးများ မှလွဲ၍ တကမ္ဘာလုံး သိပြီးဖြစ်ပါသည်။ သူတပါး ပိုင်နက်ထဲ ကျူးကျော် ဝင်ရောက် တဲ့ သူခိုး အား မဖမ်း ပဲ၊ အိမ်ရှင် ကို ဖမ်းသည့် ဥပဒေ သည် ကျောက်ခေတ် ၌ ပင် မရှိခဲ့ပါခြေ။ သို့သော် နအဖ သည် အမှား ကို အမှန်ပြင် ဖြစ်အောင် ပြင်လိုသော လူများ မဟုတ်၍၊ ဤအမှုအား တဘက်သတ် စီရင်ချက် ကို ဇွတ် ချမည် မှာ မြေကြီးလက်ခတ် မလွဲပါ။

သို့သော် နအဖ တို့ မေ့လျော့နေသော အချက်နှစ်ခု ရှိပါသည်၊ ၎င်းမှာ ထိုသို့ ဗိုလ်ချုပ်မှုးကြီး တဦးတည်း ဦးဏှောက် မဲ့မှုကြောင့် နအဖကြီး စတင်ပြိုကွဲရန် အစပြိုး ဖန်တီးပေးလိုက်ခြင်း ဖြစ်တော့သည်။ နအဖ အတွင်း ကိုယ်၌ မှာပင် ခြစားပြီး  ပြိုလဲ လုနီးပါး ဖြစ်နေရာမှ အခုလို အဆုံးသတ် အပြီးအပိုင် ပြိုလဲ အောင်လိုက်ခြင်းပေတည်း။ နောက် တချက်မှာ ဒေါ်စု သည် မြန်မာပြည်သူပြည်သား အားကိုယ်စားပြုပြီး၊ မြန်မာပြည်သူပြည်သား များ မှာလည်း ဒေါ်စု နှင့် တသားတည်း ဖြစ်နေခြင်း ပင်တည်း။

ထို့ကြောင့် ယနေ့ မှ စ၍ ဗိုလ်ချုပ်မှုးကြီး နှင့် တကွသော အလိုတော် ရှိပေါင်းတို့၊ သင့်တို့ ၏ ထာဝရချုပ်ငြိမ်းမှုအတွက် အဆိုးဆုံး ကို အဆင်သင့် ပြင်ထား ကြပါလော့။ သင်တို့ ကို အဆုံးအဖြတ် ပေးမည့် JUDGMENT  DAY သည် မကြာမည် သင်တို့ထံ ရောက်လာ တော့မည်။ 
ကံရာဇာကြီး

Tuesday, July 28

NAGALAND အပိုင်း [၁]

ပထဝီအနေအထား
နာဂပြည်နယ် သည် အိန္ဒိယနိုင်ငံ ၏ အရှေ့မြောက်အဖျား တွင်တည်ရှိသော တောင်ပေါ်ဒေသပြည်နယ်တခု ဖြစ်ပြီး၊ အရှေ့ဖက်တွင် မြန်မာနိုင်ငံ၊ အနောက်ဖက် တွင် အာသံပြည်နယ်၊ တောင်ဖက်တွင် မဏိပူရ် ပြည်နယ်၊ နှင့် မြောက်ဖက် တွင် အာရုံချာပရာဒေ့ရှ် ပြည်နယ် တို့ဖြင့် နယ်နမိတ် ခြင်းဆက်စပ် လျှက်ရှိသည်။ နာဂပြည်နယ် ၏ မြိုတော် မှာ "ကိုဟီမ [Kohima]" ဖြစ်ပြီး၊ အကြီးဆုံးမြို့ မှာ ဒိမ္မပူရ် [Dimapur] ဖြစ်သည်။ အကျယ်အဝန်း အားဖြင့် အစုစုပေါင်း စတုရန်းမိုင် ၆,၄၀၁ မိုင် [ ၁၆,၅၇၉ စတုရန်း ကီလိုမီတာ ] ရှိပြီး၊ လူဦးရေ နှစ်သန်းနီးပါး မျှ သာရှိ၍ အိန္ဒိယပြည် ၏ အငယ်ဆုံး ပြည်နယ် တခုလည်း ဖြစ်သည်။ COORDINATES   25° 24′ 0″ N, 94° 4′ 48″ E

နာဂပြည်နယ် သည် တောင်ထူထပ်သည့် အလျှောက်  နာဂတောင်တန်းကြီး သည် အာသံ ပြည်နယ် ရှိ 'ဗြမ္မာပုတ္တရ တောင်ကြား' မှ အစပြုခါ အမြင့် ပေ၂,၀၀၀ ရှိပြီး၊ တောင်ဘက်သို့ တန်းဆင်း သွားပါသည်။ တချို့နေရာတွင် အမြင့် ပေ ၆,၀၀၀ ထိ မြင့်၍၊ အမြင့်ဆုံးတောင်ထွဋ် မှာ ပေပေါင်း ၁၂,၅၅၂ ပေ ရှိ သော 'စာရမ္မတီ တောင်ထွဋ်' ဟုခေါ်သည်။ မြန်မာနိုင်ငံ မှ 'ဖတ်ကိုင်တောင်တန်း' နှင့် နာဂတောင်တန်း သည် ထို 'စာရမ္မတီတောင်ထွဋ်' တွင် ပေါင်းဆုံမိပါသည်။ မြောက်ဖက်တွင် 'ဒိုယန်' နှင့် 'ဒီဖ'ူ မြစ် နှစ်သွယ် က ဝန်းရံထားပြီး၊ အနောက်တောင်ဖက် တွင် 'ဘာလတ်(က်)မြစ်၊ အရှေ့တောင်အရပ်တွင် 'ချင်းတွင်းမြစ်' တို့ တည်ရှိကြ ၍ နာဂတောင်တန်း ၏ နယ်နမိတ်များ သဖွယ် ဖြစ်လျှက် ရှိသည်။

သမိုင်းအကျဉ်း
နာဂပြည်နယ် နှင့် ပတ်သက်၍ ရှေးအကျဆုံး မှတ်တမ်း များတွင် နာဂလူမျိုးစု များ၏ ရိုးရာဓလေ့ထုံးစံ များ၊ ကုန်သွယ်မှု အလေ့အထ အကြောင်း များ လောက်သာတွေ့ ရသည်။ 'နာဂ' ဟူသော အမည်သည်၊ နားတွင် အပေါက်ဖေါက် ထား၍ "နားကား" သောလူမျိုး ဟု မြန်မာစကား မှ ဆင်းသက် လာနိုင်သည် ဟု ကိုးကားပြောဆို လေ့ရှိသည်။ မည်သို့ဆိုစေ နာဂလူမျိုးစု သည် အာသံပြည်၊ မြန်မာပြည် နှင့် လူမှုရေး၊ စီးပွားရေး နှင့် နိုင်ငံရေး မှာပါ ဆက်သွယ် မှုရှိနေသည်။ ၁၈၁၆ ခု တွင် နာဂပြည်နယ် နှင့် အာသံပြည်နယ် တို့သည် မြန်မာမင်းတို့၏ တိုက်ရိုက်အုပ်ချုပ် အောက်သို့ ရောက်ရှိခဲ့ပြီး နောက်၁၀နှစ် အကြာ ၁၈၂၆ခု တွင်၊ ဗြိတိသျှတို့ လက်အောက်သို့ နာဂပြည်နယ် တစိတ်တဒေသ ရောက်သွားခဲ့သည်။ တဖန် 'တူယင်စံ' ဟု ဒေသတခု မှလွဲ၍ ကျန်ရှိသော နာဂပြည်နယ် အားလုံး ကို ဗြိတိသျှတို့က ၁၈၉၂ ခုနှစ်တွင် အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ပြီး၊ အာသံပြည်နယ် နှင့် တွဲဘက် အုပ်ချုပ် ခဲ့သည်။ ထိုအချိန် မှ စ၍ တောင်ပေါ်သား နာဂလူမျိုးစု သည် တဖြေးဖြေး ခရိယန်ဘာသာဝင် များ ဖြစ်လာ ခဲ့လေသည်။

ရာသီဥတု
နာဂပြည်နယ် ၏ ခြောက်ပုံ တစ်ပုံ သည် အပူပိုင်းရပ်ဝန်း  အမြဲစိမ်း သစ်တော များဖြင့် ဖုံးအုပ် လျှက်ရှိ သဖြင့် တောနေ တိရိစ္ဆာန် မျိုးစုံ နှင့် သစ်ပင်ပန်းမာလ် မျိုးစုံ ကိုတွေ့ရသည်။ ဝါးပင်၊ ကြိမ်ပင်၊ များ သာမက မဟော်ဂနီ သစ်တောများ လည်းရှိ ပြီး၊ တချို့တောများ ကိုရှင်း၍ တောင်ယာ စိုက်ပျိုးရေး လုပ်ကိုင်ကြသည်။ ထို တောကြီးများသည် ဝက်ဝံ၊ ကျားသစ်၊ ဆင် များ နှင့် အတူ တောခွေး၊ ဖြူ၊ မျောက်မျိုးစုံ၊ သမင်၊ တောင်ပေါ်ကျွဲ၊ နွားနောက် အစရှိသော တောရိုင်း တိရိစ္ဆာန် မျိုးစုံ မှီတင်း နေထိုင်ရာလည်း ဖြစ်သည်။ ထို့အပြင် နံမည်ကျော် Great Indian Horn bill ခေါ် အောက်ချင်းငှက် တမျိုး ကိုလည်း ထိုတောကြီး များတွင် တွေ့ရ ပါသည်။

နာဂပြည်နယ် ၏ ရာသီဥတုသည်  စိုထိုင်းဆ များ သော မုတ်သုန် ရာသီ ဖြစ်ပြီး၊ တနှစ်လျှင် မိုးရေချိန် ပျမ်းမျှခြင်း ၇၀ - ၁၀၀ လက်မ ခန့်ရရှိသည်။ မေလ မှ စက်တင်ဘာလ အတွင်း မိုးရေချိန် အမြင့်ဆုံး ဖြစ်၍၊ အပူချိန် မှာ ၇၀°F (၂၁°C) မှ အမြင့်ဆုံး ၁၀၄°F (၄၀°C) ရှိပြီး၊ ဆောင်းကာလ တွင် ၃၉°F (၄°C) အထိ အနိမ့်ဆုံး ကျဆင်းသွားပြီး တောင်ကုန်း မြေမြင့် အရပ် များတွင် မြူများ ဆိုင်းနေသည်ကို အမြဲတွေ့ရ လေ့ရှိသည်။

ရိုးရာယဉ်ကျေးမှု
နာဂလူမျိုး စုစုပေါင်း ၁၄စု ရှိပြီး၊ ကွန်ရာ့ခ်၊ လိုထ၊ အန်ဂမီ၊ အောင်ဝ် နှင့် ဇူမီ တို့ သည် အဓိက လူမျိုးစုကြီး များဖြစ်သည်။ နာဂလူမျိုးစုကြီး နှင့် မျိုးစု အငယ် များအကြားတွင် သစ္စာရှိမှု၊ ကြီးသူ ကို ငယ်သူလေးစား မှုသည် အရေးကြီးဆုံး သော ဓလေ့ နှင့် အစဉ်အလာ တခု ဖြစ်သည်။

လက်ယက် ယက္ကန်းယက်ခြင်း၊ ဂျတ်ခုတ်ခြင်း တို့သည် ရိုးရာ  လက်မှု အတတ်ပညာ တခုအဖြစ် လက်ဆင့်ကမ်း သယ်ဆောင်လာသည် မှာ ရာစုနှစ်ပေါင်း ကြာခဲ့ပြီး၊ ယနေ့ အထိမတိမ်ကောပဲ နာဂပြည်နယ်တွေ့ရဆဲ ဖြစ်ပါသည်။ လူမျိုးစု တစုတိုင်း တွင် ကိုယ်ပိုင်ဟန် ကိုယ်စီ ရှိပြီး အလွန်ထူးခြား လက်ရာမြောက် သော ဒီဇိုင်း၊ အရောင်အသွေး တို့ဖြင့် ယက်လုပ်ထား သော ခြုံစောင် [ရှောစောင်]၊ လွယ်အိတ်၊ စားပွဲခင်း များကိုတွေ့ရသည့် အပြင်၊ ဝါးဖြင့်ပြုလုပ်ထားသော အသုံးအဆောင် များ၊ သစ်သား ပန်းပုရုပ်များ၊ အလွန်လှပသော နာဂလှံ တို့ပါ တွေ့ရပါသည်။

ထို့အပြင် နာဂလူမျိုးစု တိုင်းတွင် ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှု အက များလည်းရှိပါ သေးသည်။   ယင်းတို့   ထဲတွင် မိုဆူ၊ ဆစ့်ခ်လဲညီ၊ ထိုခူ၊ အီမုန် နှင့် ဂန်ငိုင် လူမျိုးစု တို့၏ စစ်ချီအက နှင့် အခြားသော ရိုးရာအက တို့မှာ အလွန်ထူးခြားပြီး၊ အခြား နာဂလူမျိုးစု တို့ နှင့် မတူသော ကိုယ်ပိုင်ဟန် ကိုယ်စီ ရှိသည်ကိုလည်း တွေ့ ရပါသည်။ နာဂလူမျိုး တို့၏ ရိုးရာ အက သည် ၎င်းတို့၏ အဓိက ယဉ်ကျေးမှု တခုဖြစ်ပြီး၊ လူတိုင်း ထို အက များကို မွေးရာပါ အကတခု အနေဖြင့် အထူးသင်စရာ မလိုပဲ က,တတ်ကြလေ့ ရှိသည်။

ဘာသာရေး
လူဦးရေ ၂သန်း နီးပါးမျှ ရှိသော နာဂလူမျိုးစု အားလုံး၏ ၉၀% သည် ခရိယာန် ဘာသာကို သက်ဝင်ယုံကြည် ကြပြီး၊ နာဂပြည်နယ်သည် အိန္ဒိယနိုင်ငံ ၏ ခရိယာန်ဘာသာဝင် အများဆုံး နေထိုင်သော ပြည်နယ် သုံးခုတွင် တခုအပါဝင်ဖြစ်သည်။ ၎င်းအပြင် အခြားပြည်နယ် နှစ်ခုဖြစ်သော မဂ္ဂာလရာ၊ အာသံ ပြည်နယ် နှင့် နိုင်းယှဉ် ပါက နာဂပြည်နယ် တပြည်နယ် တည်း၌သာ ခရိယန်ဘာသာဝင် ၉၀% ရှိကို တွေ့ရသည်။

ကိုဟီမ၊ ဒီမပူရ်၊ မိုကုက်ချွန် စသော မြို့ များတွင် ခရိယာန်ဘုရားကြောင်း များကို အများဆုံးတွေ့ရသည်။ အာရှတိုက် တွင် ခရိယာန်ဘုရားကျောင်း  အများဆုံး တွေ့ရသော ပြည်နယ်တခု ဟုဆိုနိုင် သည့်အပြင်၊ ဘုရားကျောင်းပုံမှန် တက်သော လူမျိုးစု လည်းဖြစ်သည်။ နာဂလူမျိုးများ ၏ ၇၀% သည် "နှစ်ခြင်းခရိယာန်" ဘာသာကို အများဆုံး သက်ဝင် ယုံကြည် ကြပြီး၊ ကက်သိုလစ်ဘုရားကျောင်း အချို့ကို ကိုဟီမ နှင့် ဒီမပူရ်မြို့ တို၏ ဆင်ခြေဖုံးရပ်ကွက် များတွင် အနည်းအကျဉ်း တွေ့နိုင် ပါသည်။ ကျန်ရှိသော ၇.၇% မှာ ဟိန္ဒူ ဘာသာ နှင့် ၁.၈% မှာ မူဆလင် ဘာသာကို သက်ဝင်ယုံကြည် ကြပြီး၊ ၀.၃% နီးပါး မျှ သော နာဂလူမျိုးစု တချို့သာ ရိုးရာဘာသာများ ကို ကိုးကွယ် ကြသည်။

Monday, July 27

လာပြီဟေ့ နှစ်လုံးထီ

မန်မာနိုင်ငံ တွင် တရားမဝင် သိန်းထီ ထိုးသူများ တနေ့တခြား များပြားလာ သည်ဟု လူမှုရေး အသင်းတခု မှ ဖွင့်ဆိုလိုက်သည်။ ယင်းသို့ ထီ ကစား မှုများလာခြင်း ၏ အဓိက အကြောင်း မှာပြည်တွင်း ၌ စီးပွားရေး အဆင်မပြေမူများ ကြောင့်၊ အခြေခံ လူတန်စား အများစု မျှော်လင့်များ ဆိတ်သုန်း လာပြီး တရားမဝင် ထီ ကို အားကိုး၍ ထိုးခြင်း လည်းဖြစ်သည် ဟု ထိုအဖွဲ့ ဆက်လက် ပြောကြား လိုက်ပါသည်။

ရန်ကုန်မြို့နေရာအနှံ့အပြား တွင် "နှစ်လုံးထီ" ဟုခေါ်သော တရားမဝင်ထီ သည်၊ အလွန် ရေပန်စား ပြီး အထူးသဖြင့်၊ ချို့တဲ့ နွန်းပါးသော မိသားစုဝင် ကလေးငယ်အများစု လာရောက် စုဝေး ကစားလေ့ရှိ သည်ဟု ထို အဖွဲ့ ကဆိုပါသည်။ ယင်းကလေးငယ် တို့ သည် သူတို့ ၏ တနေ့လုပ်အားခ ကျပ်ငွေ ၁,၀၀၀ မှ ၃,၀၀၀ [US$ 1.00-3.00] ခန့်ကို ထို နှစ်လုံးထီ ကစားခြင်း ဖြင့် ဆုံးရှုံး လေ့ရှိ ၍ အလွန် စိုးရိမ်ဖွယ်ရာ ဖြစ်သည် လည်း ယင်းတို့က ဆက်လက် ပြောဆိုလိုက်သည်။

လူဦးရေ ၅၈သန်း ခန့် ရှိပြီး၊ အရှေ့တောင်အာရှတိုက် ၏ ဒုတိယ အကြီးဆုံး ဖြစ်သော မြန်မာနိုင်ငံ၏ မြို့ရွာအနှံ့၊ ဆင်ခြေဖုံးရပ်ကွက်အစုံ၊ ဈေးများပါ မကျန်၊ "ဒိုင်" များကို နေရာ အနှံ့ တွေ့ရှိရသည်။ ထိုသို့ ကစားယင်း အရှုံးများ ထပ်ခါ ကြွေးမြီ ထူထပ်လာ သည် ကို ဖေးမ ကူညီ စောင့်ရှောက် ပေးနိုင် သော လူမှုရေးအသင်း အဖွဲ့ များ လည်း အလွန်နည်းပါး နေ သည်ကို တွေ့ရ၏။

"သူတို့တွေဟာ ဆုကြီး တခါပေါက်ခဲ့ လျှင် အခက်အခဲ ပေါင်းစုံ ကိုဖြေရှင်း နိုင်မည်လို့ ယူဆပြီး၊ ဒီလို သဲကြီးမဲကြီး ထိုး နေကြဒါပါ" ဟု ယာယီတဲများ တွင် နေထိုင်သော နွမ်းပါးသူအမျိုးသမီး များ အား အကူအညီပေး နေသော ကိုယ်ထူကိုယ်ထ အသင်းမှ အဖွဲ့ဝင် တယောက် က ပြောပြပါသည်။ "ဒီလို နဲ့ လုံးပါး ပါးပြီး၊ ကလေးများ အား ပညာဆက် မသင်စေ တော့ပဲ၊ အလုပ် လုပ်ခိုင်းစေပြီး၊ နောက်ဆုံး နေတဲ့ တဲ ပါရောင်းပြီး တောင်းရမ်း စားသောက် ရတဲ့ ဘဝ ကိုရောက်ကုန်ကြရ ဒါပါပဲ ဗျာ" ဟု ၎င်း က ဆက်လက် ဆိုပါသည်။

စီးပွားရေးအကြပ်အတည်း
အမေရိကန်ပြည်ထောင်စု အစိုးရ ၏ အစီရင် ခံစာတွင်၊ မြန်မာနိုင်ငံသား အများစုသည် လွန်ခဲ့သော အနှစ်၂၀ က အတိုင်း၊ ယနေ့တိုင် လူတဦးခြင်း ၏ တနှစ်ပျမ်းမျှ ဝင်ငွေ ကျပ်ငွေ ၆၀,၀၀၀ [US$ 200 ခန့်] ဖြင်သာ ရုန်းကန် လှုပ်ရှား အသက်မွေး ဝမ်းကြောင်းပြု နေရဆဲ ဖြစ်သည် ဟုဆိုသည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် မှ ၂၀၀၅ နှစ်တွင် ထုတ်ပြန် သော အစီရင်ခံစာ ၌မူ မြန်မာနိုင်ငံသား သုံပုံတပုံ သည် ဆင်းရဲနွမ်ပါးမှု အောက်တွင် ရှိနေဆဲ ဖြစ်သည် ဟု တင်ပြထားသည်။

ထိုမျှမက ပြီးခဲ့သော တနှစ်အတွင်း  ဆန်ဈေး ၃၀ရာခိုင်နှုံး ထိုးတက်သွား သည်ကိုထောက်ရှုခြင်း အားဖြင၊့် ငွေကြေးဖေါင်းပွမှုသည် စီးပွားရေး ကြပ် တည်းမှုကို ပိုမိုဆိုရွား စေသည်။ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ် သော အဖွဲ့အစည်း ၏ ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်း လေ့လာချက် များ အရ အရွယ်မရောက် သေးသော မြန်မာကလေးသူငယ် များ လောင်းကစား နေခြင်း ကိုတွေ့မြင် နေရခြင်း မှာ ၎င်းတို့ အတွက် အားလုံးထဲတွင် အကြီးမားဆုံးသော ပြဿနာ တခုဖြစ်နေ သည်ဟုဆိုသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကျွမ်းကျင်သူ အမည်မဖေါ်လိုသူ တဦး အဆိုအရ "ကလေးတွေ ကပြောတယ်ဗျ၊ အိမ်၊ ကျောင်း၊ ကျေးလက်တောရွာ တွေ၊ နေရာတိုင်း မှာ လောင်းကစား နေဒါပဲ တဲ့။ အဖ အမေ၊ ဦးလေး အဒေါ်၊ အဖိုး အဖွား၊ အားလုံး လောင်းကစား ကြပါတယ်၊ နောက်ဆုံး လောင်းကစားခြင်း ကြောင့် တမိသာစုလုံး စီးပွားရေး ထိခိုက်ပြီး၊ အိမ်တွင်း အကြမ်းဖက် မှုများ အထိ ဖြစ်လာတတ် ကြောင်း" လည်း ကလေးတွေ က ပြောသည် ဟု ၎င်း ဝန်ထမ်း က ဆက်လက် ဆိုပါသည်။ ထို့ပြင် မိသားစု အတွင်းလောင်း ကစားမှုကြောင့် အကြွေးများ ထူပြော လာပါက ကလေးငယ်များ ၏ လုပ်အားဖြင့် အကြွး ကို ချေ တတ်ကြသည်။

မန္တလေးမြို့မှ လဘက်ရည်ဆိုင်ပိုင်ရှင် တချို့အဆိုအရ ၎င်းတို့၏ ဆိုင်းများတွင် လာရောက် အလုပ် လုပ်နေသော ကလေးသူငယ်အများစု သည် နှစ်လုံးထီ၊ သုံးလုံးထီ များကြောင့် စီပွားပျက် ကုန်သော မိဘများ ထံမှရောက်လာ ခြင်းဖြစ် သည်ဟု ဆိုသည်။ လောင်ကစားစွဲ နေသူ များအနေဖြင့် နေအိမ်ပါ ပေါင်နှံ ပြီး ကစားရာ မှ အကြွေး များပြား လာကြသည်ကို နေရာတိုင်းတွင် တွေ့ နေရသည်ဟု ၎င်း ဝန်ထမ်း က ပြောပါသည်။

"နှစ်လုံးထီ "သည်၊ ထိုင်းနိုင်ငံ တီဗွီ တွင် နေ့စဉ် ထုတ်လွင့်သော ဘန်ကောက်မြို့ စတော(့က်)အိက်(စ်)ချိန်း သတင်း၏  INDEX မှ ခန့်မှန်းရ ခက်သော နောက်ဆုံး စာရင်းပိတ် ဂဏန်းနှစ်လုံး အား အခြေခံ ထား၍ ကစားခြင်း ဖြစ်သည်။ ထိုနည်းတူစွာ  "သုံးလုံးထီ" မှာ လည်း ထိုင်းနိုင်ငံ၏ နှစ်ပတ်လျှင် တကြိမ် ဖွင့်သော အစိုးရ ထီ မှ သုံးလုံးတိုက် ဆု ကို အခြေခံ သည်။ အရ များနိုင် သလို အရှုံး လည်း များနိုင်ပါသည်။

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှ နေအိမ်အောက်ထပ် တွင် မော်တာ အသေးစားများ နှင့် မီးစက် များပြုပြင်ခြင်း ဖြင့် အသက်မွေးသော ကိုကျော်ကျော် [အမည်ရင်းမဟုတ်] သည်၊ ၎င်း ဝင်ငွေ၏ သုံးပုံတပုံအား တရားမဝင် ထီ ကိုပုံမှန် ကစား လေ့ရှိပြီး၊ အရှုံးနှင့် သာ ရင်ဆိုင်နေရသည်။ မည်သို့ဆိုစေ ကိုကျော်ကျော် က "တနေ့ နှစ်ကြိမ်တော့ မျှော်လင့်ချက် လေးရှိ သဗျို့" ဟုဆိုပါသည်။  ဒိုင်ပွဲစား များကလည်း နေစဉ် အိမ်တိုင်ရာရောက် လောင်းကြေး ကောက်ယူပြီး ပွဲခ ၁၀ရာခိုင်နှုံး ဖြတ်ယူ လေ့ရှိသည်။

သတိပြုတတ်ကြရန်
မြန်မာနိုင်ငံတွင် လောင်းကစားသည် တရားမဝင် သည့် အပြင်၊ ဖမ်းမိ ပါက ထိုးသားရော ဒိုင်ပါ အနည်းဆုံး သုံးလ မှ နှစ် နှစ်အထိ အကျည်းချ အပြစ်ပေး နိုင်သည်။ သို့သော်လည်း လောင်းကစား သမားများ နှင့် လုံခြုံရေးများ ကြိုတင် အပေးအယူ ရှိထားပြီဖြစ်သည်။ ထို့အပြင် ဆုကြီးပေါက် သူများ ထံ မှလည်း လူခြုံရေး များဆီသို့  အချိုးကြ ပို့ပေးရသည် များလည်း ရှိတတ်သည်။

အစိုးရမဟုတ်သော လူမှုရေး အဖွဲအစီး များ အနေဖြင့် ယင်းသို့ လောင်းကစားမှု နှင့် ယှဉ်တွဲသော ပြဿနာများ ကို ကျေးရွာအဆင့် မှ စ တင် ကူညီဖြေရှင်း လိုကြသည်။ ကလေးသူငယ်များ အား ကာကွယ်ပေးခြင်း၊ ပညာရေး အရေးကြီးပုံ ဂရုပြု တတ်လာအောင် လေ့ကြင့်ပေးခြင်း မှ အစ, ကျေးရွာထောက်ပံ့ရေး အသေးစားရံပုံငွေ ချပေးခြင်း  စသည်တို့ကို ဆောင်ရွက် ပေးနိုင်ပါ လျှင်၊ လောင်းကစားမှု၏ အကျိုးယုတ်မှုများ ကိုကျေးရွာအုပ်စု အသင်းသား များ ခြင်းခြင်း အတွ့အကြုံဖလှယ် ခြင်းဖြင့် အချိန်မှီ တားဆီးနိုင် ပါသည်။

လောင်းကစားခြင်း တွင် ဒိုင် များသာလျှင် ချမ်းသာလာပြီး၊ ထိုးသား များမှာ ဘဝ တခုလုံး ပျက်စီး သွားသည် ကို ကျနော်တို့ မြင်နေရသလို ကစားသူများ မြင်ပါက၊ သူတို့ ထို လောင်းကစားခြင်း ကိုစွန့်လွှတ် လိမ့်မည် ဟု၊ ထို လူမှုရေး ဝန်ထမ်း ကပြောပါသည်။

ဇွန်လ၂၀ရက် ထုတ် IRIN သတင်းဆောင်းပါးTAKING BETS ON  INCREASED POVERTY ကို ဆီလျော် အောင်ပြန်ဆိုပါသည်။

Friday, July 24

Thursday, July 23

မြန်မာနိုင်ငံ နှင့် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု အခြေအနေ

မြန်မာနို်င်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ တစ်ဘီလီယံ အထိ၊ ပြီးခဲ့သော ၂၀၀၈ ခုနှစ်ဘဏ္ဌာရေး အတွင်း တိုးတက် လာခဲ့သည် ဟု စစ်အစိုးရ က ဆိုပါသည်။ ၂၀၀၇ နှစ် ဖြင့်စာလျှင် ရင်းနှီးမြှုပ်နှံမှု ပမာဏ မှာ ခြောက်ဆ တိုးလာပြီး၊ တရုပ်နိုင်ငံ မှ အဓိက ငွေလုံးငွေရင်း ဖြင့်လာရောက်မြှုတ်နှံ ခြင်း ကြောင့် လည်း ဖြစ်သည် ဟု ယင်းတို့ က ဆက်လက် ဆိုပါသည်။

စီမံကိန်းနှင်ဖွံ့ဖြိုးရေး ဝန်ကြီးဋ္ဌာန မှ ပြီးခဲ့သော ကြာသပတေးနေ့က ထုတ်ပြန် သည့် အစီရင်ခံစာတွင်၊၂၀၀၆ - ၂၀၀၇ နှစ်တွင် ရင်းနှီးငွေ ပမာဏ ၁၇၂.၂ ဘီလီယံ ဒေါ်လာ ရှိပြီး၊ ၂၀၀၇ - ၂၀၀၈ ဘဏ္ဌာရေးနှစ် တွင် ၉၈၄.၉ ဘီလီယံ အထိ တိုးတက် လာ သည် ဟု တင်ပြခဲ့ပါသည်။ ဤကဲ့သို့ ရင်းနှီးမြှုတ်နှံမှု တဟုန်ထိုး တက်လာရ ခြင်းမှာ၊ အမေရိကန်နိုင်ငံ နှင့် ဥရောပအဖွဲ့ကြီး တို့၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့ တင်းကြပ်လာမှု ကြောင့် နောက်ဆုတ်သွားသော အနောက် အုပ်စု လုပ်ငန်းရှင်များ နေရာတွင် အစားထိုး ဝင်ရောက်လာဖွယ်ဖြစ်သည်။

သို့ရာတွင်၊ မြန်မာနိုင်ငံ၌ ထုတ်ယူသုံးစွဲခြင်း မပြုရသေးသော ရေနံ၊ သဘာဝဓါတ်ငွေ့၊ မြေအောက်သယံဇာတများ နှင့် မခုတ်လှဲ ရသေးသော ကျွန်းပင် အမြောက်အများ ရှိသောလည်း၊ စစ်အစိုးရ ၏ ကိုယ်ကျိုးရှာ အလွဲသုံးစား မူကြောင့် ပြည်သူပြည်သားများ သည် အလွန်ဆိုးဝါးသော ဆင်းရဲမှု အခြေအနေသို့ ရောက်နေပြီ ဟု လူ့အခွင့်အရေးအုပ်စု များ က ဆိုသည်။

တရုပ်နိုင်ငံသည် ၎င်း၏ ဖွံ့ဖြိုးတိုးတက် လာသော စက်မှုကုန်ထုတ်လုပ်ငန်းများ နှင့် ကျယ်ပြန့် လာသော မြို့ပြလူနေမူစံနစ် အား အလျှင်မှီ စေခြင်း အလို့ငှာ မြန်မာနိုင်ငံတွင် စွမ်းအင်၊ သဘာဝ သယံဇာတ ထုတ်လုပ်မှုများ တွင် အဓိက ရင်းနှီးမြှုတ်နှံလျှက်ရှိသည်။ မြန်မာနိုင်ငံ တပြည်လုံး ရှိ ရေအားလျှပ်စစ်၊ သတ္တုတွင်း၊ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ စသော နေရာဋ္ဌာပေါင်း ၉၀ တွင် ဝင်ရောက် ရင်းနှီးမြှုတ်နှံ လျှက်ရှိသည်။

ထိုမျှမက ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်း များ အပြင်၊ ကုန်းတွင်းပိတ် ယူနန်နယ် သို့ ဓတ်ငွေ့သယ်ဆောင်မည့် ပိုက်လိုင်း မဟာစီမံကိန်း တွင်လည်း ပါဝင်ဆောင် ရွက်လျက်ရှိသည်။ ထို ပိုက်လိုင်း စီမံကိန်း သည် လက်ရှိ အိနြ္ဒိယ သမုဒ္ဒရာ မှ ရုပ်ထွေးသော မာလက္ကာ ရေလက်ကြား အား ဖြတ်၍ စွမ်းအင် သယ်ဆောင်မှု ကုန်ကျစရိတ် ၏ ၇၀% အား သက်သာစေမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်း အဖိုးတန် သယံဇာတ တူးဖေါ်ခြင်း လုပ်ငန်းများသည် နအဖ အတွက် နိုင်ငံခြားရင်နှီးမှု များရရန် တခုတည်း သောလမ်းဖြစ် သလို၊ နအဖ တဦးတည်းချုပ် ကိုင်ထားသဖြင့် ရင်းနှီးသူ များအတွက် အန္တရာယ် ရှိကြောင်း၊ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ Macquarie Universityမှ စီးပွားရေးဆိုင်ရာ တွဲဖက် ကထိက Sean Turnell ကပြောပါသည်။

မကြာသေးမှီက အမေရိကန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံ မှအဖိုးတန် ကျောက်မျက်ရတနာ များ တင်သွင်းမှု အား တင်းကြပ် လိုက်သဖြင့် ထို ကျောက်မျက်တူးဖေါ်၊ တင်ပို့ရေး လုပ်ငန်းများတွင် တရုပ်လုပ်ငန်းရှင် များ များပြားလာသည် ကို ကိုတွေ့ရသည်ဟု လေ့လာသူများ က ဆိုပါသည်။ ရန်ကုန်မြို့တွင် မကြာသေးမီ က ကျင်းပ ခဲ့သော ကျောက်မျက်ရတနာပြပွဲ မှ ရောင်းရငွေ သည် အကြမ်းအားဖြင့် ဒေါ်လာ ၁၇၅ သန်း ခန့် နအဖ အတွက် အကျိုးဖြစ်ထွန်း စေမည် ဟုလည်း ယင်းတို့က ခန့် မှန်းသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဝင်မစွက်သော တရုပ်နိုင်ငံ မူဝါဒ မှာ ၎င်း၏ ရင်းနှီးမြှုပ်နှံ ထား သော စီးပွားရေးလုပ်ငန်းများအား ပြောင် တင်းတင်း ကာကွယ် ထားခြင်းဖြစ်သည် ဟု ထိုင်းနိုင်ငံ အခြေပြု ဧရာဝတီ မဂ္ဂဇင်း မှ အယ်ဒီတာ ဦးအောင်ဇော် က Al Jazerra သို့ ယခု ကဲ့သို့ ပြောဆိုလိုက် ပါသည်။

၎င်းကပင် ဆက်လက်၍ တရုပ်နိုင်ငံ အနေဖြင့် မိမိ၏ ကိုယ်ကျိုး စီးပွား ကာကွယ်ရေး သက်သက် ကိုဦးတည် ၍ နအဖ ၏ လုပ်ရပ်အချို့ ကို ဆိတ်ဆိတ် နေပါသော်လည်း၊ လတ်တလော ဖြစ်ပေါ်နေသော မြန်မာနိုင်ငံတွင်း အခြေအနေ အရပ်ရပ် ကြောင့် နအဖ ၏ နိုင်ငံရေးတည်ငြိမ်မှု ရှိအောင် ထိမ်းသိမ်းနိုင်စွမ်း အတွက် တရုပ်အစိုးရ ကိုယ်တိုင်မှ စိုးရိမ်သံများ ပြုလာပြီဖြစ်သည်။

ဇွန်လ၁၆ ရက် ထုတ် အဲလ်ဂျဇီးရား အင်တာနက် သတင်း အား ဆီလျော် အောင် ပြန်ဆိုပါသည်။

Tuesday, July 21

စစ်တပ် နှင့် အာဏာရှင် ကို ခွဲထုတ်ကြ

ဗိုလ်ထက်မင်း
(
ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)

ကချင်ပြည်နယ် မန်စီမြို့အခြေစိုက် ခမရ (၃၁၉) က တပ်ထောက် တာဝန်ခံ အရာခံဗိုလ် ထွန်းရွှေဟာ ပြီးခဲ့တဲ့ ဇွန်လ (၂၈) ရက်နေ့က တပ်တွင်း အိမ်ထောင်သည် လိုင်းခန်းမှာ ကြိုးဆွဲ ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေ ခဲ့ပါတယ်။ ဒီသတင်းကို ပြင်ပ မပေါက်ကြားဖို့ စစ်အရာရှိ ကြီးတွေက အထူးထိန်းချုပ် မှာကြား ထားကြောင်းလည်း သိရှိရပါတယ်။

မြန်မာ့တပ်မတော်အတွင်း အခြားအဆင့် အားလုံးထဲမှာ ရာထူးအကြီးဆုံးနဲ့ အမြင့်ဆုံး သူများဟာ ဒု-အရာခံဗိုလ်နဲ့ အရာခံဗိုလ်များပင် ဖြစ်ကြပါတယ်။ သူတို့ကို Non Commission officer လို့ ခေါ်ကြပြီး ပြန်တမ်းဝင် မဟုတ်တဲ့ အရာရှိများလို့ သတ်မှတ်ကြပါတယ်။ သူတို့ဟာ ရထားတွဲစီးရင် အရာရှိများနည်းတူ အထက်တန်းတွဲမှာ စီးခွင့်ရသူများ ဖြစ်ကြပါတယ်။ တပ်ခွဲတွေမှာ တချို့အရာခံဗိုလ်များဟာ တပ်စုတစုကို အရာရှိမပါဘဲ သီးခြားအုပ်ချုပ်ခွင့် ရရှိပြီး တချို့တပ်ခွဲရုံးမှာတော့ တပ်ခွဲမှူးများနဲ့ ပူးတွဲစီမံခွင့် ရသူများလည်း ဖြစ်ကြပါတယ်။ အရာခံဗိုလ်များရဲ့ အရေးပါမှု အရာရှိများနဲ့ ဆက်ဆံမှုတွေကို ဒီဆောင်းပါးမှာ တင်ပြသွား ပါမယ်။

တပ်ရင်းအရာခံဗိုလ် ‘မာ’ မှ ကောင်းမှ တပ်ရင်းရဲ့တိုက်ခိုက်မှု၊ စည်းကမ်းသေဝပ်မှု ကောင်းတယ်လို့ ပြောစမှတ် ပြုကြပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ တပ်ရင်းမှူးရဲ့ လမ်းညွှန်ချက်ကိုလည်း အကောင်အထည်ဖော်ရပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ အိမ်ထောင်သည်လိုင်းများ စည်းကမ်းသေဝပ်မှု၊ နောက်တန်းလုံခြုံမှုနဲ့ သက်သာ ချောင်ချိရေး စတာတွေကို တာဝန်ယူကြရသလို ဗဟိုကင်းကိုလည်း ကြီးကြပ်ပေးရသူ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်ရင်းအရာခံဗိုလ်များဟာ စစ်သည်များကို တန်းစီလူစစ်ရာမှာ ကြပ်မတ် ပေးကြရပါတယ်။ ဒါ့ကြောင့် ရဲဘော်များ အနေနဲ့ တပ်ရင်းအရာခံဗိုလ်ကို ချစ်နေရင် သိပ်ပြီး မကောင်းသလို ကြောက်ရွံ့ရိုသေမှ ကောင်းတယ်လို့ အရာရှိတွေက ယူဆကြပါတယ်။ ဒါဘာလို့ ခေါ်တဲ့ တပ်တွင်းဆန္ဒ ထုတ်ဖော်ပွဲများမှာလည်း တပ်ရင်း အရာခံဗိုလ်တွေဟာ အစစအရာရာ စီစဉ်ကြပ်မတ် ပေးကြရပါတယ်။ ဒါ့အပြင် တပ်ရေးဗိုလ်ကြီးနဲ့ အနီးကပ်လက်တွဲကာ အသေးစိတ်တာဝန်ယူ တင်ပြ ဆောင်ရွက် ကြရပါတယ်။ တပ်တွင်းက စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေကိုလည်း အရာခံဗိုလ်တွေက တာဝန်ယူ ကြပ်မတ် ဆောင်ရွက်ပေးကြရပါတယ်။

ရဲဘော်တွေအား အရာခံဗိုလ်အိမ်တွေနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အပါအ၀င် အပိုလုပ်ငန်းတွေကို လုပ်အားပေးခိုင်းစေရာမှာ နာမည်ကြီးလို့ တချို့ရဲဘော်တွေက အရာခံဗိုလ် လာတာတွေ့ရင် ဝေးဝေးက ရှောင်ပြေးသွားလေ့ ရှိကြတာကိုလည်း တွေ့ရပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ လစဉ်ရိက္ခာစား စာရင်းချုပ်ကို တာဝန်ယူကာ ရေးဆွဲပေးကြရပါသေးတယ်။ ဒါ့အပြင် အရာခံဗိုလ်တွေဟာ တပ်တွင်းက သာရေး၊ နာရေး၊ လူမှုရေး စတဲ့လုပ်ငန်းရပ်များကိုလည်း တပ်ရင်းမှူးကတော် ညွှန်ကြားတဲ့အတိုင်း ဦးစီးကာ လုပ်ကိုင်ပေး ကြရပါတယ်။

အလားတူ RQ လို့ခေါ်တဲ့ တပ်ထောက်အရာခံဗိုလ်တဦးဟာ တပ်ရင်းတရင်းလုံးရဲ့ စစ်ထောက်ပိုင်းဆိုင်ရာ ရိက္ခာခဲယမ်း၊ စက်သုံးဆီတွေကို ကိုင်တွယ်ရပါတယ်။ တပ်ရဲ့ ထမင်းအိုးကြီးကို ကိုင်တွယ်ရသလို လောဘ ကြီးတဲ့ တပ်ရင်းမှူး၊ တပ်ထောက် ဗိုလ်ကြီးတို့နဲ့ နှစ်ပါးသွားရရင်တော့ ဆီပူလောင်သလို ဒုက္ခရောက်ပြီသာ မှတ်ပေတော့ ပါပဲ။ တပ်ထောက်အရာခံဗိုလ်တွေဟာ တပ်ထောက်ဗိုလ်ကြီးကို တာဝန်ခံရပြီး အထက်အရာရှိ တွေနဲ့ “ရိုက်စား” လုပ်တဲ့နေရာမှာလည်း တဦးကိုတဦး မဖော်ကြဘဲ ဝေစားမျှစား လုပ်ကြသူတွေ ဖြစ်သလို အဆင်မသင့်ရင်လည်း ဓားစာခံ ဖြစ်ကြရပါတယ်။

တချို့အရာခံဗိုလ်များဟာ တပ်မှာ အနေကြာ နှစ်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် လစာနဲ့ မလောက်ငမှု ကြုံတွေ့ရကာ သားသမီးများ ပျက်စီး နေကြတာကိုလည်း တွေ့ရှိရပါတယ်။ တချို့အရာခံဗိုလ်တွေကတော့ မိမိတို့ရဲ့အိမ်များ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ဖြစ်ကြတဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းကိစ္စများမှာ စစ်သည် ရဲဘော်တွေရဲ့ လုပ်အားကိုရယူပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချ ခိုင်းစေတာကိုလည်း တွေ့ရပါတယ်။ ဒီအတွက် တပ်ရင်းမှူးကိုလည်း ပံ့ပိုးပေးထား တာမျိုးနဲ့ ဝေစားမျှစား လုပ်ကြပါတယ်။

တပ်ဟောင်းများက အရာခံဗိုလ်တွေအနေနဲ့ သက်သောင့်သက်သာရှိကြပေမယ့် တပ်အသစ်များကို ရောက်သွားတဲ့ အရာခံဗိုလ်တွေမှာတော့ ဒုက္ခဆင်းရဲမျိုးစုံ ကြုံတွေ့ ကြရပါတယ်။ အရာခံဗိုလ်တွေဟာ အထက်ကပေးတဲ့ တပ် တည်ဆောက်ရေး တာဝန်ကို ထမ်းဆောင်ရာမှာ ရရှိထားတဲ့ ပစ္စည်းကိရိယာ မပြည့်စုံမှု၊ ငွေကြေး မလုံလောက်မှု တို့ကြောင့် နီးစပ်ရာ ကျေးရွာ ရပ်ကွက်များက ရွာသားတွေကို အဓမ္မလုပ်အားပေး ခေါ်ယူခိုင်းစေပြီး အလွယ်လမ်း လိုက်ခဲ့ကြရတာလည်း တွေ့ရှိရပါတယ်။ အရာခံဗိုလ် တွေဟာ အထက်က တာဝန်မယူမှုကြောင့် ကြုံသလို ဖြေရှင်းလုပ်ကိုင်နေရလို့ စိတ်မွန်းကျပ်မှုများနဲ့ အတူ ထွက်ပေါက်မရှိဘဲ အာဏာရှင်တွေအလိုကျ လှုပ်ရှား နေကြရပါတယ်။

တချို့ကိစ္စရပ်တွေမှာ အဲဒီ တပ်ထောက် အရာခံဗိုလ်တွေဟာ စားကွက် ရိုက်စား ‘ခွင်’ များနဲ့ ပတ်သက်ပြီးတော့ တပ်ထောက် ဗိုလ်ကြီး၊ တပ်ရင်းမှူးတို့နဲ့ သဟဇာတ ဆက်ဆံရေး အဆင်မပြေမှုများ ဖြစ်တတ်ကြပါတယ်။ တပ်ရင်းမှူး၊ တပ်မှူးများရဲ့ စိတ်ကြိုက် အလေးပေးမှုနဲ့ လုပ်ရည်ကိုင်ရည် အပေါ်မှာမူတည်ပြီး တချို့တပ်များမှာ တပ်ရင်း အရာခံဗိုလ်ဟာ အစွမ်းထက် နေသလို တချို့တပ်များမှာလည်း ဘေးဖယ် ကျဉ်ထားခြင်း ခံရတာကို တွေ့ရှိရပါတယ်။

အရာရှိတွေဟာ တပ်ရင်းတခုမှာ သိပ်ကြာကြာမနေရဘဲ အကြောင်းအမျိုးမျိုးနဲ့ ပြောင်းရွှေ့ သွားကြရပေမယ့် အရာခံဗိုလ်တွေ အနေနဲ့ကတော့ တပ်ရင်းတွေမှာ စွဲမြဲစွာ နေရလေ့ရှိတာမို့ တပ်ရင်းတခုလုံးကို အပ်ကျမတ်ကျ သိရှိနေတဲ့အပြင် စစ်သည် ရဲဘော်တွေနဲ့လည်း နီးနီးစပ်စပ်ရှိကြတာမို့ အောက်ခြေတပ်မတော်သားတွေကို ပြည်သူ့ ဘက်ရပ်တည်ဖို့ ထိုးဖောက် စည်းရုံးရာမှာ အရာခံဗိုလ်များအား အဓိက ပစ်မှတ်ထားသင့်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီဆိုတာ စစ်အာဏာရှင်တွေ ၀ါဒဖြန့်ထား သလို မဟုတ်ဘဲ တိုင်းပြည်အတွက် တပ်မတော် အတွက် အလွန်လိုအပ် နေကြောင်း သိရှိနားလည်ဖို့ တပ်ရင်းတွေမှာ အဓိကဖြစ်တဲ့ အရာခံဗိုလ် များကတဆင့် စည်းရုံးလှုံ့ဆော်ပါက ထိရောက်အောင်မြင်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်မသေရဲဘဲ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေကို နာကြည်း မုန်းတီးနေတဲ့ အရာခံဗိုလ်တွေလည်း အမြောက်အမြားရှိကြပါတယ်။ ပြေးစရာမြေမရှိ၊ ထွက်လို့လည်းမရဘဲ ကြိတ်မှိတ်လုပ်နေကြရတဲ့ အရာခံဗိုလ်တွေနဲ့ အောက်ခြေ တပ်မတော်သားတွေရဲ့ ဘ၀ကို စစ်အာဏာရှင်တွေက သတင်းအမှောင် ချထားပါတယ်။

တပ်မတော်အတွင်း အောက်ခြေမှာ ဘယ်လိုဖြစ်ပျက် နေသလဲဆိုတာ တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဗိုလ်ချုပ် လွန်းမောင် ကိုယ်တိုင် လျှို့ဝှက်ဆင်းကာ အမှတ်မထင် ၀င်ရောက်စစ်ဆေးပြီး ဗိုလ်သန်းရွှေကို အစည်းအဝေးတခုမှာ တင်ပြခဲ့တာကတော့ ရဲဘော်တွေ ခွက်ပျောက်နေပါတယ်ဆိုတဲ့ စကားနဲ့အတူ တိုင်းမှူးတွေအားလုံးလည်း မျက်စိမျက်နှာ ပျက်ကုန်ကြပါတယ်။ ဗိုလ်သန်းရွှေက တိုင်းမှူးတွေ၊ တပ်မမှူးတွေကို လှိမ့်ဆူရာ စစ်အာဏာရှင် ထိပ်သီးတချို့မှ ကိုလွန်းမောင် အမှန်အတိုင်း ဒီလို လျှောက်ပြောရင်တော့ ခင်ဗျားကို တိုင်းမှူးတွေက ထမင်းတောင် ကျွေးချင်တော့မှာ မဟုတ်ဘူးလို့ ဟန့်သလိုလို ၀ိုင်းပြောပြီး တားခဲ့ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါကိုကြည့်ရင် စစ်အာဏာရှင်တွေ အကြောက်ဆုံးက တပ်တွင်းစည်းလုံးရေး ပြိုကွဲမှာ ကိုသာ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာဖိအားနဲ့ ပြည်တွင်း ပြည်ပက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဗိုလ်သန်းရွှေက ဂရုမစိုက်သလို အစည်းအဝေး တွေမှာလည်း တို့တပ်မတော်ကြီး စည်းစည်းလုံးလုံး ရှိနေသမျှ ဘယ်လို အန္တရာယ်မှ မကျရောက်နိုင်ဘူးလို့ အမြဲပြောလေ့ ရှိပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီဘက်တော် သားတွေအနေနဲ့ တပ်မတော်သားတွေကို စစ်အာဏာရှင်တစ်စုရဲ့ လက်ထဲက ဆွဲထုတ် ကြဖို့ ထိထိ ရောက်ရောက် စီမံကိန်းချကာ ဆောင်ရွက်ရန် အရေးကြီးဆုံးအချိန်ကို ရောက်နေပြီဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်။

Monday, July 20

UNIVERSAL DECLARATION OF HUMAN RIGHTS

ARTICLE 19
"Everyone has the Right to Freedom of Expression and Opinion, the Right includes freedom to hold opinions without interference, and to seek, receive, and impart information and ideas through any media and regardless of frontiers."