" တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး ဘယ်အစိုးရတက်တက်၊ ဘယ်အစိုးရကလုပ်လုပ် ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ကျုပ်ပြောချင်တယ် "

Sunday, September 20

 INDONESIA
Aid dispatched after hunger-related deaths in Papua
JAKARTA, 18 September 2009 (IRIN) - The Indonesian government said it will send a team to a poor district in eastern Papua Province after a rights group reported deaths from hunger and associated diseases there. Swadiatma, an adviser to the Coordinating Ministry for People's Welfare, said the team of officials would be dispatched this week to the isolated district of Yahukimo in Papua to investigate reports of the deaths, and assess the long-term needs of the population.

“Our team will see for ourselves the situation on the ground, so we can take measures to achieve sustainable food security,” Swadiatma, who goes by one name, told IRIN. He said Minister Aburizal Bakrie had asked the provincial government to deliver food supplies such as rice, noodles and sugar to the affected areas. “Transporting them is not an easy task, given the rugged terrain, and they have to use a helicopter or a small plane,” he added.

Yahukimo District chief Ones Pahabol said food shortages had hit 25 areas in the district, and that 80 percent of Yahukimo's population lived in remote highland areas, and their staple food was sweet potato. Yomes Bomse, chairman of the People's Health Council, a community-based body in Yahukimo, set up by the Health Ministry, said 49 people had died in the past three months. “So far those affected have yet to receive adequate health care,” he said.

The Hong Kong-based Asian Human Rights Commission (AHRC) NGO on 16 September said it had received information from local NGOs and civil society groups that 113 villagers had died in Yahukimo since January due to hunger and associated diseases after crop failures.

Harvest failure

“The harvest failure this year caused by climate change resulted in deaths,” the AHRC said in a statement. “Yahukimo is remote and isolated. Daily food sources come from home grown produce such as sweet potato or potato. If villagers fail to harvest enough produce to support their families, they immediately face starvation,” it said. The AHRC also accused the Indonesian government of neglect and said the lack of roads or public infrastructure aggravated food insecurity.

The recent food shortage is not the first to hit Yahukimo. In 2005, local media reported that 55 people died of starvation due to harvest failure, prompting the central government to send officials to the region. Twelve food storage facilities were built in the district in 2006 to help those who had suffered from crop failure, but AHRC said this was ineffective, because the warehouses were not suitable for storing sweet potatoes.

Swadiatma denied that the storage facilities had failed to help villagers, saying that food shortages this time had hit areas where such facilities had not been built.

atp/ey/cb/bp

Friday, August 28

CNN YAWD SERK SHAN STATE

Monday, August 10

စိမ်းလဲ့ကန်သာ လူသတ်မှု ဆက်မလိုက်ရန် နအဖ ခေါင်းဆောင်များက ညွှန်ကြားထား

မိုးမခအထောက်တော်၊ ရန်ကုန် သြဂုတ် ၂၊ ၂၀၀၉
ကြိုင်ကြိုင်တို့ များရက်စက်လိုက်တာ

ပြီးခဲ့သည့် နှစ်၂၀၀၈ ဖေဖေါ်ဝါရီလက မိသားစုလိုက် အသတ်ခံခဲ့ရသည့် ရန်ကုန်မြို့စိမ်းလဲ့ကန်သာလမ်း လူသတ်မှုနှင့် ပတ်သက်ပြီး ထပ်မံစုံစမ်းဖေါ်ထုတ်ခြင်း မပြုရန် နအဖ စစ်ခေါင်းဆောင်ပိုင်းမှ ညွှန်ကြားထားကြောင်း ထိုအမှုနှင့် ပတ်သက်ပြီး စုံစမ်းဖေါ်ထုတ်ရာတွင် ပါဝင်ခဲ့သည့် အမည်မဖေါ်လိုသူ ရဲအရာရှိတဦးက ပြောဆိုသည်။
 

အဆိုပါ ရဲအရာရှိက ပြောဆိုရာတွင် “ဖြစ်ခါစက ဒီအမှုက ရန်ကုန်မြို့က လူချမ်းသာ အလွှာကို တော်တော် တုန်လှုပ်သွားခဲ့တယ်။ နိုင်ငံတော်ဧည့်ဂေဟာနဲ့ ကပ်နေလျက်နဲ့ ဘာကြောင့် သေနတ်သံမကြားသလဲ ဆိုပြီး အဲဒီအနားက လုံခြုံရေးတွေလည်း အစစ်ခံရ၊ နောက် ရဲချုပ်ကိုတိုင် ဆင်းလာပြီး အခင်းဖြစ်တဲ့အိမ်မှာ သေနတ်တောင် စမ်းပစ်ကြည့်ပြီး ပြင်ပက အသံကြားမကြား စစ်ဆေးခဲ့သေးတယ်။ သုံးထားတဲ့ ကျည်ဆံအပေါ် မူတည်ပြီး အဲဒီသေနတ်အမျိုးအစား ကိုင်ဆောင်တဲ့သူ တွေအားလုံး ခေါ်မေးတာတွေ လုပ်ခဲ့တယ်၊ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အမှုရုပ်လုံးပေါ်လာချိန်မှာ အထက်က အမိန့်နဲ့ အမှုကို ဆက်မလိုက်တော့ဖို့ ညွှန်ကြားလာတယ်၊ ဘာကြောင့်လဲ ဆိုတာမသိပေမယ့် သဲလွန်စတွေက နအဖ ခေါင်းဆောင်ပိုင်းကို ညွှန်ပြနေ တာကြောင့်လို့ အားလုံး နားလည်လိုက်ကြတယ်”
ဟုဆိုသည်။

ယမန်နှစ်ဆန်းက ဖြစ်ပျက်ခဲ့သည့် စိမ်းလဲ့ကန်သာလမ်း လူသတ်မှုတွင် တောင်ပိုင်စော်ဘွား၏ သားဖြစ်သူ ဦးချာလီ၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြနှင့် သမီးနှစ်ယောက်၊ အိမ်ဖေါ်တယောက် စုစုပေါင်း ၅ယောက်ရက်စက်စွာ အသတ်ခံခဲ့ရပြီး နေအိမ်မှ မီးခံသေတ္တာ ၁၀လုံးအနက် ၇လုံးမှ ရတနာနှင့် ဒေါ်လာငွေများ ယူဆောင်သွားခဲ့ပြီး သားမက်ဖြစ်သူ ဦးသုဇော်မှာ ၃လခန့်ခေါ်ယူ စစ်ဆေးခြင်းခံခဲ့ရသည်။ ဒေါ်စန်းစန်းမြမှာ ဖဆပလခတ်က မိုးကုတ်သူဌေး ဦးမြမောင်၏ သမီးဖြစ်ပြီး ရန်ကုန်မြို့၏ အချမ်းသာဆုံး စာရင်းဝင် မိသားစု တစုဖြစ်သည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီးဖြစ်သူ မင်္ဂလာဆောင်တွင် ၀တ်ဆင်ထားသည့် လက်ဝတ်ရတနာစိန်ထည်များမှာ အသတ်ခံရသူ ဒေါ်စန်းစန်းမြတို့၏ ပစ္စည်းဖြစ်ပြီး ဦးချာလီဒေါ်စန်းစန်းမြတို့က နအဖ ခေါင်းဆောင် သားသမီးများကို လက်ဝတ်ရတနာများ ငှားရမ်းပေးထားခဲ့သည်ဆိုသည် သတင်းများလည်း ရန်ကုန်မြို့ရှိ လူကုံထံ အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်နေခဲ့ပြီး ထိုဆက်ဆံရေးကြောင့် ရက်စက်စွာ အသတ်ခံရခြင်း ဖြစ်သည်ဟု ယုံကြည်လျက်ရှိကြသည်။

ရင်းချာသည့် ဆွေမျိုးသားချင်းမကျန်ရှိပဲ သားမက်ဖြစ်သူ တဦးသာ ကျန်ရှိခဲ့ကာ နေအိမ်မှ ကျန်ရစ်ခဲ့သည့် တန်ဘိုးမနည်း လှသည့် ရတနာများနှင့် ငွေများကို ရဲဘက်မှ သိမ်းဆည်းသွားခဲ့သည်ဟုလည်း သိရှိရသည်။ ကျိကျိတက် ချမ်းသာသည့် မိသားစုမှာ သေဆုံးပြီးနောက် အလောင်းပြင်ရန် အ၀တ်အစားကို သူတို့ပိုင်ဆိုင်သည့် အိမ်မှ ယူခွင့်မရှိပဲ ဆွေမျိုးသားချင်းတွေက ဗိုလ်ချုပ်ဈေးမှ ခပ်ပေါပေါ အ၀တ်အစားကို ၀ယ်ယူပြီး ဆင်ပေးခဲ့ရသည်ဟုလည်း အသုဘတွင် သတင်းသွားယူခဲ့သည့် သတင်းထောက်တဦးကပြော ဆိုသည်။


ထိုအမှုနှင့် ပတ်သက်ပြီး ပြည်တွင်း ထုတ်ဝေသည့် သတင်းဂျာနယ်များတွင် ဖြစ်ပွားပြီးခါစတွင် အနည်းငယ် ဖေါ်ပြခဲ့ကြသော်လည်း နောက်ပိုင်း ဆက်လက်ရေးသားခြင်း မပြုရန် စာပေစိစစ်ရေးက ပိတ်ပင်ခဲ့သည်။ ထိုနောက် ၃ လခန့်အကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တခုတွင် ရဲချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်ခင်ရီက ထိုအမှုနှင့် ပတ်သက်၍ မေးမြန်းချက်ကို ဖြေကြားရာတွင် “ကျွန်တော်တို့ ခန့်မှန်းထားတာတွေရှိပါတယ်။ နီးစပ်နေပါပြီ” ဟုပြောဆိုခဲ့သော်လည်း ထိုနောက်မည်သည့် ထုတ်ပြန်ကြေငြာချက်မှ ပြုလုပ်သည်ကို မတွေ့ရှိရတော့ပေ။ ၂လ ၃လကြာပြီး အချိန်ထိ ခန့်မှန်းထားတာတွေ ရှိပါတယ်ဟု ဆိုခြင်းသည် စာဖတ်သူများ ကိုရယ်စရာ ဖြစ်စေခဲ့သည်။

Saturday, August 1

ဖီလစ်ပိုင်ပြည်သူပြည်သား များနှင့်အတူ အာဏာရှင်စံနစ် ချုပ်ငြိမ်း ပြီး ဒီမိုကရေစီစံနစ် ရအောာင် ဦးဆောင် ခဲ့သူ အာဇာနည်တဦး ကွယ်လွန်သွား ပါကြောင်း

CORAZON AQUINO DEIS 
Philippines lost a National Treasure
 
MANILA (Reuters) - 

Corazon Aquino of the Philippines, whose conquest of one of the 20th century's most corrupt dictators made her a global icon of democracy, died on Saturday after a 16-month battle against colon cancer. She was 76.

Her family announced she died in the early hours of Saturday at the hospital where she had been admitted over one month ago. A private mass was held in her room shortly before her death, and all five children were at her bedside when the end came.

"Our mother peacefully passed away at 3:18 a.m. (1918 GMT Friday) of cardio-respiratory arrest," her son, Senator Benigno Aquino Jr., told reporters.

Born on January 25, 1933 into one of the country's richest families, the Cojuangcos, Aquino grew up in a world of wealth and politics, being the daughter of a three-time congressman. She married Benigno, one of the country's most promising politicians, and they had four daughters and a son before he was thrown into prison by Marcos and then forced into exile.

Aquino seemed frail in later years, but was still game for a fight when she thought it necessary. She brought half a million people onto the street in the 1990s when her successor Ramos flirted with the idea of trying to extend his term in office. 

She was involved in protests that brought an end to the presidency of Joseph Estrada in 2001, and has supported the campaign to remove current President Gloria Macapagal Arroyo after her one-time ally was accused of corruption and election fraud.

Arroyo, who is in the United States on a visit, announced a 10-day period of national mourning and said in a message: "Today the Philippines lost a national treasure. She helped lead our nation to a brighter day."

U.S. Secretary of State Hillary Clinton said: "Like millions of people worldwide, Bill (former U.S. President Bill Clinton) and I were inspired by her quiet strength and her unshakable commitment to justice and freedom. We join the American and Filipino people in honoring her life and memory."

Her arch-foe Imelda Marcos, who returned to the Philippines after her husband died in exile, said: "Now that Cory is with the Lord, let us all unite and pray for the Filipino people."

(Writing by Raju Gopalakrishnan; Editing by Dean Yates)

ရိုက်တာသတင်းဋ္ဌာနမှ သတင်း အား ကူးယူဖေါ်ပြပါသည်။

Friday, July 31

JUDGMENT DAY


နအဖ ၏ နိဂုံး

ယနေ့ သည် ဒေါ်အောင်ဆန်းစုကြည် အပေါ် တဘက်သတ် မတရား စွဲဆိုထားသော ကမ္ဘာကျော် အမှုကြီးအား၊ စီရင်ချက် ချမှတ် မည့်နေ့ ဖြစ်ပါသည်။ ဒေါ်စုသည် အပြစ် မရှိကြောင်း ကို ကိုယ်တိုင် လည်း ပြတ်သားစွာ ပြောထားပြီး၊ ဥပဒေ ကြောင်း အရလည်း အပြစ် မရှိကြောင်း မှာ အထင်အရှား ဖြစ်သည်။ ထို့အပြင် ပညာဉာဏ် ကြီးမား သော ဒေါ်စု သည် နအဖ ၏ လူမဆန်စွာဖြင့် သူမအား ဥပဒေ မဲ့ အဆိုးဆုံး ပြစ်ဒဏ် ချမှတ် မည်ကိုကြိုတင် သိထားပြီဖြစ်၍ အသင့်ပြင်ထားပြီးဖြစ်သည်။

ထို အမှုသည် အံ့ဖွယ်ကောင်း လောက်အောင် မှားယွင်းနေ ပြီး အခြေအမြစ် မရှိ သည်ကို နအဖထိပ်ပိုင်း ခေါင်းဆောင်းကြီးများ မှလွဲ၍ တကမ္ဘာလုံး သိပြီးဖြစ်ပါသည်။ သူတပါး ပိုင်နက်ထဲ ကျူးကျော် ဝင်ရောက် တဲ့ သူခိုး အား မဖမ်း ပဲ၊ အိမ်ရှင် ကို ဖမ်းသည့် ဥပဒေ သည် ကျောက်ခေတ် ၌ ပင် မရှိခဲ့ပါခြေ။ သို့သော် နအဖ သည် အမှား ကို အမှန်ပြင် ဖြစ်အောင် ပြင်လိုသော လူများ မဟုတ်၍၊ ဤအမှုအား တဘက်သတ် စီရင်ချက် ကို ဇွတ် ချမည် မှာ မြေကြီးလက်ခတ် မလွဲပါ။

သို့သော် နအဖ တို့ မေ့လျော့နေသော အချက်နှစ်ခု ရှိပါသည်၊ ၎င်းမှာ ထိုသို့ ဗိုလ်ချုပ်မှုးကြီး တဦးတည်း ဦးဏှောက် မဲ့မှုကြောင့် နအဖကြီး စတင်ပြိုကွဲရန် အစပြိုး ဖန်တီးပေးလိုက်ခြင်း ဖြစ်တော့သည်။ နအဖ အတွင်း ကိုယ်၌ မှာပင် ခြစားပြီး  ပြိုလဲ လုနီးပါး ဖြစ်နေရာမှ အခုလို အဆုံးသတ် အပြီးအပိုင် ပြိုလဲ အောင်လိုက်ခြင်းပေတည်း။ နောက် တချက်မှာ ဒေါ်စု သည် မြန်မာပြည်သူပြည်သား အားကိုယ်စားပြုပြီး၊ မြန်မာပြည်သူပြည်သား များ မှာလည်း ဒေါ်စု နှင့် တသားတည်း ဖြစ်နေခြင်း ပင်တည်း။

ထို့ကြောင့် ယနေ့ မှ စ၍ ဗိုလ်ချုပ်မှုးကြီး နှင့် တကွသော အလိုတော် ရှိပေါင်းတို့၊ သင့်တို့ ၏ ထာဝရချုပ်ငြိမ်းမှုအတွက် အဆိုးဆုံး ကို အဆင်သင့် ပြင်ထား ကြပါလော့။ သင်တို့ ကို အဆုံးအဖြတ် ပေးမည့် JUDGMENT  DAY သည် မကြာမည် သင်တို့ထံ ရောက်လာ တော့မည်။ 
ကံရာဇာကြီး

Tuesday, July 28

NAGALAND အပိုင်း [၁]

ပထဝီအနေအထား
နာဂပြည်နယ် သည် အိန္ဒိယနိုင်ငံ ၏ အရှေ့မြောက်အဖျား တွင်တည်ရှိသော တောင်ပေါ်ဒေသပြည်နယ်တခု ဖြစ်ပြီး၊ အရှေ့ဖက်တွင် မြန်မာနိုင်ငံ၊ အနောက်ဖက် တွင် အာသံပြည်နယ်၊ တောင်ဖက်တွင် မဏိပူရ် ပြည်နယ်၊ နှင့် မြောက်ဖက် တွင် အာရုံချာပရာဒေ့ရှ် ပြည်နယ် တို့ဖြင့် နယ်နမိတ် ခြင်းဆက်စပ် လျှက်ရှိသည်။ နာဂပြည်နယ် ၏ မြိုတော် မှာ "ကိုဟီမ [Kohima]" ဖြစ်ပြီး၊ အကြီးဆုံးမြို့ မှာ ဒိမ္မပူရ် [Dimapur] ဖြစ်သည်။ အကျယ်အဝန်း အားဖြင့် အစုစုပေါင်း စတုရန်းမိုင် ၆,၄၀၁ မိုင် [ ၁၆,၅၇၉ စတုရန်း ကီလိုမီတာ ] ရှိပြီး၊ လူဦးရေ နှစ်သန်းနီးပါး မျှ သာရှိ၍ အိန္ဒိယပြည် ၏ အငယ်ဆုံး ပြည်နယ် တခုလည်း ဖြစ်သည်။ COORDINATES   25° 24′ 0″ N, 94° 4′ 48″ E

နာဂပြည်နယ် သည် တောင်ထူထပ်သည့် အလျှောက်  နာဂတောင်တန်းကြီး သည် အာသံ ပြည်နယ် ရှိ 'ဗြမ္မာပုတ္တရ တောင်ကြား' မှ အစပြုခါ အမြင့် ပေ၂,၀၀၀ ရှိပြီး၊ တောင်ဘက်သို့ တန်းဆင်း သွားပါသည်။ တချို့နေရာတွင် အမြင့် ပေ ၆,၀၀၀ ထိ မြင့်၍၊ အမြင့်ဆုံးတောင်ထွဋ် မှာ ပေပေါင်း ၁၂,၅၅၂ ပေ ရှိ သော 'စာရမ္မတီ တောင်ထွဋ်' ဟုခေါ်သည်။ မြန်မာနိုင်ငံ မှ 'ဖတ်ကိုင်တောင်တန်း' နှင့် နာဂတောင်တန်း သည် ထို 'စာရမ္မတီတောင်ထွဋ်' တွင် ပေါင်းဆုံမိပါသည်။ မြောက်ဖက်တွင် 'ဒိုယန်' နှင့် 'ဒီဖ'ူ မြစ် နှစ်သွယ် က ဝန်းရံထားပြီး၊ အနောက်တောင်ဖက် တွင် 'ဘာလတ်(က်)မြစ်၊ အရှေ့တောင်အရပ်တွင် 'ချင်းတွင်းမြစ်' တို့ တည်ရှိကြ ၍ နာဂတောင်တန်း ၏ နယ်နမိတ်များ သဖွယ် ဖြစ်လျှက် ရှိသည်။

သမိုင်းအကျဉ်း
နာဂပြည်နယ် နှင့် ပတ်သက်၍ ရှေးအကျဆုံး မှတ်တမ်း များတွင် နာဂလူမျိုးစု များ၏ ရိုးရာဓလေ့ထုံးစံ များ၊ ကုန်သွယ်မှု အလေ့အထ အကြောင်း များ လောက်သာတွေ့ ရသည်။ 'နာဂ' ဟူသော အမည်သည်၊ နားတွင် အပေါက်ဖေါက် ထား၍ "နားကား" သောလူမျိုး ဟု မြန်မာစကား မှ ဆင်းသက် လာနိုင်သည် ဟု ကိုးကားပြောဆို လေ့ရှိသည်။ မည်သို့ဆိုစေ နာဂလူမျိုးစု သည် အာသံပြည်၊ မြန်မာပြည် နှင့် လူမှုရေး၊ စီးပွားရေး နှင့် နိုင်ငံရေး မှာပါ ဆက်သွယ် မှုရှိနေသည်။ ၁၈၁၆ ခု တွင် နာဂပြည်နယ် နှင့် အာသံပြည်နယ် တို့သည် မြန်မာမင်းတို့၏ တိုက်ရိုက်အုပ်ချုပ် အောက်သို့ ရောက်ရှိခဲ့ပြီး နောက်၁၀နှစ် အကြာ ၁၈၂၆ခု တွင်၊ ဗြိတိသျှတို့ လက်အောက်သို့ နာဂပြည်နယ် တစိတ်တဒေသ ရောက်သွားခဲ့သည်။ တဖန် 'တူယင်စံ' ဟု ဒေသတခု မှလွဲ၍ ကျန်ရှိသော နာဂပြည်နယ် အားလုံး ကို ဗြိတိသျှတို့က ၁၈၉၂ ခုနှစ်တွင် အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ပြီး၊ အာသံပြည်နယ် နှင့် တွဲဘက် အုပ်ချုပ် ခဲ့သည်။ ထိုအချိန် မှ စ၍ တောင်ပေါ်သား နာဂလူမျိုးစု သည် တဖြေးဖြေး ခရိယန်ဘာသာဝင် များ ဖြစ်လာ ခဲ့လေသည်။

ရာသီဥတု
နာဂပြည်နယ် ၏ ခြောက်ပုံ တစ်ပုံ သည် အပူပိုင်းရပ်ဝန်း  အမြဲစိမ်း သစ်တော များဖြင့် ဖုံးအုပ် လျှက်ရှိ သဖြင့် တောနေ တိရိစ္ဆာန် မျိုးစုံ နှင့် သစ်ပင်ပန်းမာလ် မျိုးစုံ ကိုတွေ့ရသည်။ ဝါးပင်၊ ကြိမ်ပင်၊ များ သာမက မဟော်ဂနီ သစ်တောများ လည်းရှိ ပြီး၊ တချို့တောများ ကိုရှင်း၍ တောင်ယာ စိုက်ပျိုးရေး လုပ်ကိုင်ကြသည်။ ထို တောကြီးများသည် ဝက်ဝံ၊ ကျားသစ်၊ ဆင် များ နှင့် အတူ တောခွေး၊ ဖြူ၊ မျောက်မျိုးစုံ၊ သမင်၊ တောင်ပေါ်ကျွဲ၊ နွားနောက် အစရှိသော တောရိုင်း တိရိစ္ဆာန် မျိုးစုံ မှီတင်း နေထိုင်ရာလည်း ဖြစ်သည်။ ထို့အပြင် နံမည်ကျော် Great Indian Horn bill ခေါ် အောက်ချင်းငှက် တမျိုး ကိုလည်း ထိုတောကြီး များတွင် တွေ့ရ ပါသည်။

နာဂပြည်နယ် ၏ ရာသီဥတုသည်  စိုထိုင်းဆ များ သော မုတ်သုန် ရာသီ ဖြစ်ပြီး၊ တနှစ်လျှင် မိုးရေချိန် ပျမ်းမျှခြင်း ၇၀ - ၁၀၀ လက်မ ခန့်ရရှိသည်။ မေလ မှ စက်တင်ဘာလ အတွင်း မိုးရေချိန် အမြင့်ဆုံး ဖြစ်၍၊ အပူချိန် မှာ ၇၀°F (၂၁°C) မှ အမြင့်ဆုံး ၁၀၄°F (၄၀°C) ရှိပြီး၊ ဆောင်းကာလ တွင် ၃၉°F (၄°C) အထိ အနိမ့်ဆုံး ကျဆင်းသွားပြီး တောင်ကုန်း မြေမြင့် အရပ် များတွင် မြူများ ဆိုင်းနေသည်ကို အမြဲတွေ့ရ လေ့ရှိသည်။

ရိုးရာယဉ်ကျေးမှု
နာဂလူမျိုး စုစုပေါင်း ၁၄စု ရှိပြီး၊ ကွန်ရာ့ခ်၊ လိုထ၊ အန်ဂမီ၊ အောင်ဝ် နှင့် ဇူမီ တို့ သည် အဓိက လူမျိုးစုကြီး များဖြစ်သည်။ နာဂလူမျိုးစုကြီး နှင့် မျိုးစု အငယ် များအကြားတွင် သစ္စာရှိမှု၊ ကြီးသူ ကို ငယ်သူလေးစား မှုသည် အရေးကြီးဆုံး သော ဓလေ့ နှင့် အစဉ်အလာ တခု ဖြစ်သည်။

လက်ယက် ယက္ကန်းယက်ခြင်း၊ ဂျတ်ခုတ်ခြင်း တို့သည် ရိုးရာ  လက်မှု အတတ်ပညာ တခုအဖြစ် လက်ဆင့်ကမ်း သယ်ဆောင်လာသည် မှာ ရာစုနှစ်ပေါင်း ကြာခဲ့ပြီး၊ ယနေ့ အထိမတိမ်ကောပဲ နာဂပြည်နယ်တွေ့ရဆဲ ဖြစ်ပါသည်။ လူမျိုးစု တစုတိုင်း တွင် ကိုယ်ပိုင်ဟန် ကိုယ်စီ ရှိပြီး အလွန်ထူးခြား လက်ရာမြောက် သော ဒီဇိုင်း၊ အရောင်အသွေး တို့ဖြင့် ယက်လုပ်ထား သော ခြုံစောင် [ရှောစောင်]၊ လွယ်အိတ်၊ စားပွဲခင်း များကိုတွေ့ရသည့် အပြင်၊ ဝါးဖြင့်ပြုလုပ်ထားသော အသုံးအဆောင် များ၊ သစ်သား ပန်းပုရုပ်များ၊ အလွန်လှပသော နာဂလှံ တို့ပါ တွေ့ရပါသည်။

ထို့အပြင် နာဂလူမျိုးစု တိုင်းတွင် ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှု အက များလည်းရှိပါ သေးသည်။   ယင်းတို့   ထဲတွင် မိုဆူ၊ ဆစ့်ခ်လဲညီ၊ ထိုခူ၊ အီမုန် နှင့် ဂန်ငိုင် လူမျိုးစု တို့၏ စစ်ချီအက နှင့် အခြားသော ရိုးရာအက တို့မှာ အလွန်ထူးခြားပြီး၊ အခြား နာဂလူမျိုးစု တို့ နှင့် မတူသော ကိုယ်ပိုင်ဟန် ကိုယ်စီ ရှိသည်ကိုလည်း တွေ့ ရပါသည်။ နာဂလူမျိုး တို့၏ ရိုးရာ အက သည် ၎င်းတို့၏ အဓိက ယဉ်ကျေးမှု တခုဖြစ်ပြီး၊ လူတိုင်း ထို အက များကို မွေးရာပါ အကတခု အနေဖြင့် အထူးသင်စရာ မလိုပဲ က,တတ်ကြလေ့ ရှိသည်။

ဘာသာရေး
လူဦးရေ ၂သန်း နီးပါးမျှ ရှိသော နာဂလူမျိုးစု အားလုံး၏ ၉၀% သည် ခရိယာန် ဘာသာကို သက်ဝင်ယုံကြည် ကြပြီး၊ နာဂပြည်နယ်သည် အိန္ဒိယနိုင်ငံ ၏ ခရိယာန်ဘာသာဝင် အများဆုံး နေထိုင်သော ပြည်နယ် သုံးခုတွင် တခုအပါဝင်ဖြစ်သည်။ ၎င်းအပြင် အခြားပြည်နယ် နှစ်ခုဖြစ်သော မဂ္ဂာလရာ၊ အာသံ ပြည်နယ် နှင့် နိုင်းယှဉ် ပါက နာဂပြည်နယ် တပြည်နယ် တည်း၌သာ ခရိယန်ဘာသာဝင် ၉၀% ရှိကို တွေ့ရသည်။

ကိုဟီမ၊ ဒီမပူရ်၊ မိုကုက်ချွန် စသော မြို့ များတွင် ခရိယာန်ဘုရားကြောင်း များကို အများဆုံးတွေ့ရသည်။ အာရှတိုက် တွင် ခရိယာန်ဘုရားကျောင်း  အများဆုံး တွေ့ရသော ပြည်နယ်တခု ဟုဆိုနိုင် သည့်အပြင်၊ ဘုရားကျောင်းပုံမှန် တက်သော လူမျိုးစု လည်းဖြစ်သည်။ နာဂလူမျိုးများ ၏ ၇၀% သည် "နှစ်ခြင်းခရိယာန်" ဘာသာကို အများဆုံး သက်ဝင် ယုံကြည် ကြပြီး၊ ကက်သိုလစ်ဘုရားကျောင်း အချို့ကို ကိုဟီမ နှင့် ဒီမပူရ်မြို့ တို၏ ဆင်ခြေဖုံးရပ်ကွက် များတွင် အနည်းအကျဉ်း တွေ့နိုင် ပါသည်။ ကျန်ရှိသော ၇.၇% မှာ ဟိန္ဒူ ဘာသာ နှင့် ၁.၈% မှာ မူဆလင် ဘာသာကို သက်ဝင်ယုံကြည် ကြပြီး၊ ၀.၃% နီးပါး မျှ သော နာဂလူမျိုးစု တချို့သာ ရိုးရာဘာသာများ ကို ကိုးကွယ် ကြသည်။

Monday, July 27

လာပြီဟေ့ နှစ်လုံးထီ

မန်မာနိုင်ငံ တွင် တရားမဝင် သိန်းထီ ထိုးသူများ တနေ့တခြား များပြားလာ သည်ဟု လူမှုရေး အသင်းတခု မှ ဖွင့်ဆိုလိုက်သည်။ ယင်းသို့ ထီ ကစား မှုများလာခြင်း ၏ အဓိက အကြောင်း မှာပြည်တွင်း ၌ စီးပွားရေး အဆင်မပြေမူများ ကြောင့်၊ အခြေခံ လူတန်စား အများစု မျှော်လင့်များ ဆိတ်သုန်း လာပြီး တရားမဝင် ထီ ကို အားကိုး၍ ထိုးခြင်း လည်းဖြစ်သည် ဟု ထိုအဖွဲ့ ဆက်လက် ပြောကြား လိုက်ပါသည်။

ရန်ကုန်မြို့နေရာအနှံ့အပြား တွင် "နှစ်လုံးထီ" ဟုခေါ်သော တရားမဝင်ထီ သည်၊ အလွန် ရေပန်စား ပြီး အထူးသဖြင့်၊ ချို့တဲ့ နွန်းပါးသော မိသားစုဝင် ကလေးငယ်အများစု လာရောက် စုဝေး ကစားလေ့ရှိ သည်ဟု ထို အဖွဲ့ ကဆိုပါသည်။ ယင်းကလေးငယ် တို့ သည် သူတို့ ၏ တနေ့လုပ်အားခ ကျပ်ငွေ ၁,၀၀၀ မှ ၃,၀၀၀ [US$ 1.00-3.00] ခန့်ကို ထို နှစ်လုံးထီ ကစားခြင်း ဖြင့် ဆုံးရှုံး လေ့ရှိ ၍ အလွန် စိုးရိမ်ဖွယ်ရာ ဖြစ်သည် လည်း ယင်းတို့က ဆက်လက် ပြောဆိုလိုက်သည်။

လူဦးရေ ၅၈သန်း ခန့် ရှိပြီး၊ အရှေ့တောင်အာရှတိုက် ၏ ဒုတိယ အကြီးဆုံး ဖြစ်သော မြန်မာနိုင်ငံ၏ မြို့ရွာအနှံ့၊ ဆင်ခြေဖုံးရပ်ကွက်အစုံ၊ ဈေးများပါ မကျန်၊ "ဒိုင်" များကို နေရာ အနှံ့ တွေ့ရှိရသည်။ ထိုသို့ ကစားယင်း အရှုံးများ ထပ်ခါ ကြွေးမြီ ထူထပ်လာ သည် ကို ဖေးမ ကူညီ စောင့်ရှောက် ပေးနိုင် သော လူမှုရေးအသင်း အဖွဲ့ များ လည်း အလွန်နည်းပါး နေ သည်ကို တွေ့ရ၏။

"သူတို့တွေဟာ ဆုကြီး တခါပေါက်ခဲ့ လျှင် အခက်အခဲ ပေါင်းစုံ ကိုဖြေရှင်း နိုင်မည်လို့ ယူဆပြီး၊ ဒီလို သဲကြီးမဲကြီး ထိုး နေကြဒါပါ" ဟု ယာယီတဲများ တွင် နေထိုင်သော နွမ်းပါးသူအမျိုးသမီး များ အား အကူအညီပေး နေသော ကိုယ်ထူကိုယ်ထ အသင်းမှ အဖွဲ့ဝင် တယောက် က ပြောပြပါသည်။ "ဒီလို နဲ့ လုံးပါး ပါးပြီး၊ ကလေးများ အား ပညာဆက် မသင်စေ တော့ပဲ၊ အလုပ် လုပ်ခိုင်းစေပြီး၊ နောက်ဆုံး နေတဲ့ တဲ ပါရောင်းပြီး တောင်းရမ်း စားသောက် ရတဲ့ ဘဝ ကိုရောက်ကုန်ကြရ ဒါပါပဲ ဗျာ" ဟု ၎င်း က ဆက်လက် ဆိုပါသည်။

စီးပွားရေးအကြပ်အတည်း
အမေရိကန်ပြည်ထောင်စု အစိုးရ ၏ အစီရင် ခံစာတွင်၊ မြန်မာနိုင်ငံသား အများစုသည် လွန်ခဲ့သော အနှစ်၂၀ က အတိုင်း၊ ယနေ့တိုင် လူတဦးခြင်း ၏ တနှစ်ပျမ်းမျှ ဝင်ငွေ ကျပ်ငွေ ၆၀,၀၀၀ [US$ 200 ခန့်] ဖြင်သာ ရုန်းကန် လှုပ်ရှား အသက်မွေး ဝမ်းကြောင်းပြု နေရဆဲ ဖြစ်သည် ဟုဆိုသည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် မှ ၂၀၀၅ နှစ်တွင် ထုတ်ပြန် သော အစီရင်ခံစာ ၌မူ မြန်မာနိုင်ငံသား သုံပုံတပုံ သည် ဆင်းရဲနွမ်ပါးမှု အောက်တွင် ရှိနေဆဲ ဖြစ်သည် ဟု တင်ပြထားသည်။

ထိုမျှမက ပြီးခဲ့သော တနှစ်အတွင်း  ဆန်ဈေး ၃၀ရာခိုင်နှုံး ထိုးတက်သွား သည်ကိုထောက်ရှုခြင်း အားဖြင၊့် ငွေကြေးဖေါင်းပွမှုသည် စီးပွားရေး ကြပ် တည်းမှုကို ပိုမိုဆိုရွား စေသည်။ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ် သော အဖွဲ့အစည်း ၏ ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်း လေ့လာချက် များ အရ အရွယ်မရောက် သေးသော မြန်မာကလေးသူငယ် များ လောင်းကစား နေခြင်း ကိုတွေ့မြင် နေရခြင်း မှာ ၎င်းတို့ အတွက် အားလုံးထဲတွင် အကြီးမားဆုံးသော ပြဿနာ တခုဖြစ်နေ သည်ဟုဆိုသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကျွမ်းကျင်သူ အမည်မဖေါ်လိုသူ တဦး အဆိုအရ "ကလေးတွေ ကပြောတယ်ဗျ၊ အိမ်၊ ကျောင်း၊ ကျေးလက်တောရွာ တွေ၊ နေရာတိုင်း မှာ လောင်းကစား နေဒါပဲ တဲ့။ အဖ အမေ၊ ဦးလေး အဒေါ်၊ အဖိုး အဖွား၊ အားလုံး လောင်းကစား ကြပါတယ်၊ နောက်ဆုံး လောင်းကစားခြင်း ကြောင့် တမိသာစုလုံး စီးပွားရေး ထိခိုက်ပြီး၊ အိမ်တွင်း အကြမ်းဖက် မှုများ အထိ ဖြစ်လာတတ် ကြောင်း" လည်း ကလေးတွေ က ပြောသည် ဟု ၎င်း ဝန်ထမ်း က ဆက်လက် ဆိုပါသည်။ ထို့ပြင် မိသားစု အတွင်းလောင်း ကစားမှုကြောင့် အကြွေးများ ထူပြော လာပါက ကလေးငယ်များ ၏ လုပ်အားဖြင့် အကြွး ကို ချေ တတ်ကြသည်။

မန္တလေးမြို့မှ လဘက်ရည်ဆိုင်ပိုင်ရှင် တချို့အဆိုအရ ၎င်းတို့၏ ဆိုင်းများတွင် လာရောက် အလုပ် လုပ်နေသော ကလေးသူငယ်အများစု သည် နှစ်လုံးထီ၊ သုံးလုံးထီ များကြောင့် စီပွားပျက် ကုန်သော မိဘများ ထံမှရောက်လာ ခြင်းဖြစ် သည်ဟု ဆိုသည်။ လောင်ကစားစွဲ နေသူ များအနေဖြင့် နေအိမ်ပါ ပေါင်နှံ ပြီး ကစားရာ မှ အကြွေး များပြား လာကြသည်ကို နေရာတိုင်းတွင် တွေ့ နေရသည်ဟု ၎င်း ဝန်ထမ်း က ပြောပါသည်။

"နှစ်လုံးထီ "သည်၊ ထိုင်းနိုင်ငံ တီဗွီ တွင် နေ့စဉ် ထုတ်လွင့်သော ဘန်ကောက်မြို့ စတော(့က်)အိက်(စ်)ချိန်း သတင်း၏  INDEX မှ ခန့်မှန်းရ ခက်သော နောက်ဆုံး စာရင်းပိတ် ဂဏန်းနှစ်လုံး အား အခြေခံ ထား၍ ကစားခြင်း ဖြစ်သည်။ ထိုနည်းတူစွာ  "သုံးလုံးထီ" မှာ လည်း ထိုင်းနိုင်ငံ၏ နှစ်ပတ်လျှင် တကြိမ် ဖွင့်သော အစိုးရ ထီ မှ သုံးလုံးတိုက် ဆု ကို အခြေခံ သည်။ အရ များနိုင် သလို အရှုံး လည်း များနိုင်ပါသည်။

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှ နေအိမ်အောက်ထပ် တွင် မော်တာ အသေးစားများ နှင့် မီးစက် များပြုပြင်ခြင်း ဖြင့် အသက်မွေးသော ကိုကျော်ကျော် [အမည်ရင်းမဟုတ်] သည်၊ ၎င်း ဝင်ငွေ၏ သုံးပုံတပုံအား တရားမဝင် ထီ ကိုပုံမှန် ကစား လေ့ရှိပြီး၊ အရှုံးနှင့် သာ ရင်ဆိုင်နေရသည်။ မည်သို့ဆိုစေ ကိုကျော်ကျော် က "တနေ့ နှစ်ကြိမ်တော့ မျှော်လင့်ချက် လေးရှိ သဗျို့" ဟုဆိုပါသည်။  ဒိုင်ပွဲစား များကလည်း နေစဉ် အိမ်တိုင်ရာရောက် လောင်းကြေး ကောက်ယူပြီး ပွဲခ ၁၀ရာခိုင်နှုံး ဖြတ်ယူ လေ့ရှိသည်။

သတိပြုတတ်ကြရန်
မြန်မာနိုင်ငံတွင် လောင်းကစားသည် တရားမဝင် သည့် အပြင်၊ ဖမ်းမိ ပါက ထိုးသားရော ဒိုင်ပါ အနည်းဆုံး သုံးလ မှ နှစ် နှစ်အထိ အကျည်းချ အပြစ်ပေး နိုင်သည်။ သို့သော်လည်း လောင်းကစား သမားများ နှင့် လုံခြုံရေးများ ကြိုတင် အပေးအယူ ရှိထားပြီဖြစ်သည်။ ထို့အပြင် ဆုကြီးပေါက် သူများ ထံ မှလည်း လူခြုံရေး များဆီသို့  အချိုးကြ ပို့ပေးရသည် များလည်း ရှိတတ်သည်။

အစိုးရမဟုတ်သော လူမှုရေး အဖွဲအစီး များ အနေဖြင့် ယင်းသို့ လောင်းကစားမှု နှင့် ယှဉ်တွဲသော ပြဿနာများ ကို ကျေးရွာအဆင့် မှ စ တင် ကူညီဖြေရှင်း လိုကြသည်။ ကလေးသူငယ်များ အား ကာကွယ်ပေးခြင်း၊ ပညာရေး အရေးကြီးပုံ ဂရုပြု တတ်လာအောင် လေ့ကြင့်ပေးခြင်း မှ အစ, ကျေးရွာထောက်ပံ့ရေး အသေးစားရံပုံငွေ ချပေးခြင်း  စသည်တို့ကို ဆောင်ရွက် ပေးနိုင်ပါ လျှင်၊ လောင်းကစားမှု၏ အကျိုးယုတ်မှုများ ကိုကျေးရွာအုပ်စု အသင်းသား များ ခြင်းခြင်း အတွ့အကြုံဖလှယ် ခြင်းဖြင့် အချိန်မှီ တားဆီးနိုင် ပါသည်။

လောင်းကစားခြင်း တွင် ဒိုင် များသာလျှင် ချမ်းသာလာပြီး၊ ထိုးသား များမှာ ဘဝ တခုလုံး ပျက်စီး သွားသည် ကို ကျနော်တို့ မြင်နေရသလို ကစားသူများ မြင်ပါက၊ သူတို့ ထို လောင်းကစားခြင်း ကိုစွန့်လွှတ် လိမ့်မည် ဟု၊ ထို လူမှုရေး ဝန်ထမ်း ကပြောပါသည်။

ဇွန်လ၂၀ရက် ထုတ် IRIN သတင်းဆောင်းပါးTAKING BETS ON  INCREASED POVERTY ကို ဆီလျော် အောင်ပြန်ဆိုပါသည်။