လာပြီဟေ့ နှစ်လုံးထီ
မြန်မာနိုင်ငံ တွင် တရားမဝင် သိန်းထီ ထိုးသူများ တနေ့တခြား များပြားလာ သည်ဟု လူမှုရေး အသင်းတခု မှ ဖွင့်ဆိုလိုက်သည်။ ယင်းသို့ ထီ ကစား မှုများလာခြင်း ၏ အဓိက အကြောင်း မှာပြည်တွင်း ၌ စီးပွားရေး အဆင်မပြေမူများ ကြောင့်၊ အခြေခံ လူတန်စား အများစု မျှော်လင့်များ ဆိတ်သုန်း လာပြီး တရားမဝင် ထီ ကို အားကိုး၍ ထိုးခြင်း လည်းဖြစ်သည် ဟု ထိုအဖွဲ့ ဆက်လက် ပြောကြား လိုက်ပါသည်။
လူဦးရေ ၅၈သန်း ခန့် ရှိပြီး၊ အရှေ့တောင်အာရှတိုက် ၏ ဒုတိယ အကြီးဆုံး ဖြစ်သော မြန်မာနိုင်ငံ၏ မြို့ရွာအနှံ့၊ ဆင်ခြေဖုံးရပ်ကွက်အစုံ၊ ဈေးများပါ မကျန်၊ "ဒိုင်" များကို နေရာ အနှံ့ တွေ့ရှိရသည်။ ထိုသို့ ကစားယင်း အရှုံးများ ထပ်ခါ ကြွေးမြီ ထူထပ်လာ သည် ကို ဖေးမ ကူညီ စောင့်ရှောက် ပေးနိုင် သော လူမှုရေးအသင်း အဖွဲ့ များ လည်း အလွန်နည်းပါး နေ သည်ကို တွေ့ရ၏။
"သူတို့တွေဟာ ဆုကြီး တခါပေါက်ခဲ့ လျှင် အခက်အခဲ ပေါင်းစုံ ကိုဖြေရှင်း နိုင်မည်လို့ ယူဆပြီး၊ ဒီလို သဲကြီးမဲကြီး ထိုး နေကြဒါပါ" ဟု ယာယီတဲများ တွင် နေထိုင်သော နွမ်းပါးသူအမျိုးသမီး များ အား အကူအညီပေး နေသော ကိုယ်ထူကိုယ်ထ အသင်းမှ အဖွဲ့ဝင် တယောက် က ပြောပြပါသည်။ "ဒီလို နဲ့ လုံးပါး ပါးပြီး၊ ကလေးများ အား ပညာဆက် မသင်စေ တော့ပဲ၊ အလုပ် လုပ်ခိုင်းစေပြီး၊ နောက်ဆုံး နေတဲ့ တဲ ပါရောင်းပြီး တောင်းရမ်း စားသောက် ရတဲ့ ဘဝ ကိုရောက်ကုန်ကြရ ဒါပါပဲ ဗျာ" ဟု ၎င်း က ဆက်လက် ဆိုပါသည်။
ထိုမျှမက ပြီးခဲ့သော တနှစ်အတွင်း ဆန်ဈေး ၃၀ရာခိုင်နှုံး ထိုးတက်သွား သည်ကိုထောက်ရှုခြင်း အားဖြင၊့် ငွေကြေးဖေါင်းပွမှုသည် စီးပွားရေး ကြပ် တည်းမှုကို ပိုမိုဆိုရွား စေသည်။ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ် သော အဖွဲ့အစည်း ၏ ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်း လေ့လာချက် များ အရ အရွယ်မရောက် သေးသော မြန်မာကလေးသူငယ် များ လောင်းကစား နေခြင်း ကိုတွေ့မြင် နေရခြင်း မှာ ၎င်းတို့ အတွက် အားလုံးထဲတွင် အကြီးမားဆုံးသော ပြဿနာ တခုဖြစ်နေ သည်ဟုဆိုသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကျွမ်းကျင်သူ အမည်မဖေါ်လိုသူ တဦး အဆိုအရ "ကလေးတွေ ကပြောတယ်ဗျ၊ အိမ်၊ ကျောင်း၊ ကျေးလက်တောရွာ တွေ၊ နေရာတိုင်း မှာ လောင်းကစား နေဒါပဲ တဲ့။ အဖ အမေ၊ ဦးလေး အဒေါ်၊ အဖိုး အဖွား၊ အားလုံး လောင်းကစား ကြပါတယ်၊ နောက်ဆုံး လောင်းကစားခြင်း ကြောင့် တမိသာစုလုံး စီးပွားရေး ထိခိုက်ပြီး၊ အိမ်တွင်း အကြမ်းဖက် မှုများ အထိ ဖြစ်လာတတ် ကြောင်း" လည်း ကလေးတွေ က ပြောသည် ဟု ၎င်း ဝန်ထမ်း က ဆက်လက် ဆိုပါသည်။ ထို့ပြင် မိသားစု အတွင်းလောင်း ကစားမှုကြောင့် အကြွေးများ ထူပြော လာပါက ကလေးငယ်များ ၏ လုပ်အားဖြင့် အကြွး ကို ချေ တတ်ကြသည်။
မန္တလေးမြို့မှ လဘက်ရည်ဆိုင်ပိုင်ရှင် တချို့အဆိုအရ ၎င်းတို့၏ ဆိုင်းများတွင် လာရောက် အလုပ် လုပ်နေသော ကလေးသူငယ်အများစု သည် နှစ်လုံးထီ၊ သုံးလုံးထီ များကြောင့် စီပွားပျက် ကုန်သော မိဘများ ထံမှရောက်လာ ခြင်းဖြစ် သည်ဟု ဆိုသည်။ လောင်ကစားစွဲ နေသူ များအနေဖြင့် နေအိမ်ပါ ပေါင်နှံ ပြီး ကစားရာ မှ အကြွေး များပြား လာကြသည်ကို နေရာတိုင်းတွင် တွေ့ နေရသည်ဟု ၎င်း ဝန်ထမ်း က ပြောပါသည်။
"နှစ်လုံးထီ "သည်၊ ထိုင်းနိုင်ငံ တီဗွီ တွင် နေ့စဉ် ထုတ်လွင့်သော ဘန်ကောက်မြို့ စတော(့က်)အိက်(စ်)ချိန်း သတင်း၏ INDEX မှ ခန့်မှန်းရ ခက်သော နောက်ဆုံး စာရင်းပိတ် ဂဏန်းနှစ်လုံး အား အခြေခံ ထား၍ ကစားခြင်း ဖြစ်သည်။ ထိုနည်းတူစွာ "သုံးလုံးထီ" မှာ လည်း ထိုင်းနိုင်ငံ၏ နှစ်ပတ်လျှင် တကြိမ် ဖွင့်သော အစိုးရ ထီ မှ သုံးလုံးတိုက် ဆု ကို အခြေခံ သည်။ အရ များနိုင် သလို အရှုံး လည်း များနိုင်ပါသည်။
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှ နေအိမ်အောက်ထပ် တွင် မော်တာ အသေးစားများ နှင့် မီးစက် များပြုပြင်ခြင်း ဖြင့် အသက်မွေးသော ကိုကျော်ကျော် [အမည်ရင်းမဟုတ်] သည်၊ ၎င်း ဝင်ငွေ၏ သုံးပုံတပုံအား တရားမဝင် ထီ ကိုပုံမှန် ကစား လေ့ရှိပြီး၊ အရှုံးနှင့် သာ ရင်ဆိုင်နေရသည်။ မည်သို့ဆိုစေ ကိုကျော်ကျော် က "တနေ့ နှစ်ကြိမ်တော့ မျှော်လင့်ချက် လေးရှိ သဗျို့" ဟုဆိုပါသည်။ ဒိုင်ပွဲစား များကလည်း နေစဉ် အိမ်တိုင်ရာရောက် လောင်းကြေး ကောက်ယူပြီး ပွဲခ ၁၀ရာခိုင်နှုံး ဖြတ်ယူ လေ့ရှိသည်။
သတိပြုတတ်ကြရန်
မြန်မာနိုင်ငံတွင် လောင်းကစားသည် တရားမဝင် သည့် အပြင်၊ ဖမ်းမိ ပါက ထိုးသားရော ဒိုင်ပါ အနည်းဆုံး သုံးလ မှ နှစ် နှစ်အထိ အကျည်းချ အပြစ်ပေး နိုင်သည်။ သို့သော်လည်း လောင်းကစား သမားများ နှင့် လုံခြုံရေးများ ကြိုတင် အပေးအယူ ရှိထားပြီဖြစ်သည်။ ထို့အပြင် ဆုကြီးပေါက် သူများ ထံ မှလည်း လူခြုံရေး များဆီသို့ အချိုးကြ ပို့ပေးရသည် များလည်း ရှိတတ်သည်။
ရန်ကုန်မြို့နေရာအနှံ့အပြား တွင် "နှစ်လုံးထီ" ဟုခေါ်သော တရားမဝင်ထီ သည်၊ အလွန် ရေပန်စား ပြီး အထူးသဖြင့်၊ ချို့တဲ့ နွန်းပါးသော မိသားစုဝင် ကလေးငယ်အများစု လာရောက် စုဝေး ကစားလေ့ရှိ သည်ဟု ထို အဖွဲ့ ကဆိုပါသည်။ ယင်းကလေးငယ် တို့ သည် သူတို့ ၏ တနေ့လုပ်အားခ ကျပ်ငွေ ၁,၀၀၀ မှ ၃,၀၀၀ [US$ 1.00-3.00] ခန့်ကို ထို နှစ်လုံးထီ ကစားခြင်း ဖြင့် ဆုံးရှုံး လေ့ရှိ ၍ အလွန် စိုးရိမ်ဖွယ်ရာ ဖြစ်သည် လည်း ယင်းတို့က ဆက်လက် ပြောဆိုလိုက်သည်။
လူဦးရေ ၅၈သန်း ခန့် ရှိပြီး၊ အရှေ့တောင်အာရှတိုက် ၏ ဒုတိယ အကြီးဆုံး ဖြစ်သော မြန်မာနိုင်ငံ၏ မြို့ရွာအနှံ့၊ ဆင်ခြေဖုံးရပ်ကွက်အစုံ၊ ဈေးများပါ မကျန်၊ "ဒိုင်" များကို နေရာ အနှံ့ တွေ့ရှိရသည်။ ထိုသို့ ကစားယင်း အရှုံးများ ထပ်ခါ ကြွေးမြီ ထူထပ်လာ သည် ကို ဖေးမ ကူညီ စောင့်ရှောက် ပေးနိုင် သော လူမှုရေးအသင်း အဖွဲ့ များ လည်း အလွန်နည်းပါး နေ သည်ကို တွေ့ရ၏။
"သူတို့တွေဟာ ဆုကြီး တခါပေါက်ခဲ့ လျှင် အခက်အခဲ ပေါင်းစုံ ကိုဖြေရှင်း နိုင်မည်လို့ ယူဆပြီး၊ ဒီလို သဲကြီးမဲကြီး ထိုး နေကြဒါပါ" ဟု ယာယီတဲများ တွင် နေထိုင်သော နွမ်းပါးသူအမျိုးသမီး များ အား အကူအညီပေး နေသော ကိုယ်ထူကိုယ်ထ အသင်းမှ အဖွဲ့ဝင် တယောက် က ပြောပြပါသည်။ "ဒီလို နဲ့ လုံးပါး ပါးပြီး၊ ကလေးများ အား ပညာဆက် မသင်စေ တော့ပဲ၊ အလုပ် လုပ်ခိုင်းစေပြီး၊ နောက်ဆုံး နေတဲ့ တဲ ပါရောင်းပြီး တောင်းရမ်း စားသောက် ရတဲ့ ဘဝ ကိုရောက်ကုန်ကြရ ဒါပါပဲ ဗျာ" ဟု ၎င်း က ဆက်လက် ဆိုပါသည်။
စီးပွားရေးအကြပ်အတည်း
အမေရိကန်ပြည်ထောင်စု အစိုးရ ၏ အစီရင် ခံစာတွင်၊ မြန်မာနိုင်ငံသား အများစုသည် လွန်ခဲ့သော အနှစ်၂၀ က အတိုင်း၊ ယနေ့တိုင် လူတဦးခြင်း ၏ တနှစ်ပျမ်းမျှ ဝင်ငွေ ကျပ်ငွေ ၆၀,၀၀၀ [US$ 200 ခန့်] ဖြင်သာ ရုန်းကန် လှုပ်ရှား အသက်မွေး ဝမ်းကြောင်းပြု နေရဆဲ ဖြစ်သည် ဟုဆိုသည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် မှ ၂၀၀၅ နှစ်တွင် ထုတ်ပြန် သော အစီရင်ခံစာ ၌မူ မြန်မာနိုင်ငံသား သုံပုံတပုံ သည် ဆင်းရဲနွမ်ပါးမှု အောက်တွင် ရှိနေဆဲ ဖြစ်သည် ဟု တင်ပြထားသည်။ထိုမျှမက ပြီးခဲ့သော တနှစ်အတွင်း ဆန်ဈေး ၃၀ရာခိုင်နှုံး ထိုးတက်သွား သည်ကိုထောက်ရှုခြင်း အားဖြင၊့် ငွေကြေးဖေါင်းပွမှုသည် စီးပွားရေး ကြပ် တည်းမှုကို ပိုမိုဆိုရွား စေသည်။ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ် သော အဖွဲ့အစည်း ၏ ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်း လေ့လာချက် များ အရ အရွယ်မရောက် သေးသော မြန်မာကလေးသူငယ် များ လောင်းကစား နေခြင်း ကိုတွေ့မြင် နေရခြင်း မှာ ၎င်းတို့ အတွက် အားလုံးထဲတွင် အကြီးမားဆုံးသော ပြဿနာ တခုဖြစ်နေ သည်ဟုဆိုသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကျွမ်းကျင်သူ အမည်မဖေါ်လိုသူ တဦး အဆိုအရ "ကလေးတွေ ကပြောတယ်ဗျ၊ အိမ်၊ ကျောင်း၊ ကျေးလက်တောရွာ တွေ၊ နေရာတိုင်း မှာ လောင်းကစား နေဒါပဲ တဲ့။ အဖ အမေ၊ ဦးလေး အဒေါ်၊ အဖိုး အဖွား၊ အားလုံး လောင်းကစား ကြပါတယ်၊ နောက်ဆုံး လောင်းကစားခြင်း ကြောင့် တမိသာစုလုံး စီးပွားရေး ထိခိုက်ပြီး၊ အိမ်တွင်း အကြမ်းဖက် မှုများ အထိ ဖြစ်လာတတ် ကြောင်း" လည်း ကလေးတွေ က ပြောသည် ဟု ၎င်း ဝန်ထမ်း က ဆက်လက် ဆိုပါသည်။ ထို့ပြင် မိသားစု အတွင်းလောင်း ကစားမှုကြောင့် အကြွေးများ ထူပြော လာပါက ကလေးငယ်များ ၏ လုပ်အားဖြင့် အကြွး ကို ချေ တတ်ကြသည်။
မန္တလေးမြို့မှ လဘက်ရည်ဆိုင်ပိုင်ရှင် တချို့အဆိုအရ ၎င်းတို့၏ ဆိုင်းများတွင် လာရောက် အလုပ် လုပ်နေသော ကလေးသူငယ်အများစု သည် နှစ်လုံးထီ၊ သုံးလုံးထီ များကြောင့် စီပွားပျက် ကုန်သော မိဘများ ထံမှရောက်လာ ခြင်းဖြစ် သည်ဟု ဆိုသည်။ လောင်ကစားစွဲ နေသူ များအနေဖြင့် နေအိမ်ပါ ပေါင်နှံ ပြီး ကစားရာ မှ အကြွေး များပြား လာကြသည်ကို နေရာတိုင်းတွင် တွေ့ နေရသည်ဟု ၎င်း ဝန်ထမ်း က ပြောပါသည်။
"နှစ်လုံးထီ "သည်၊ ထိုင်းနိုင်ငံ တီဗွီ တွင် နေ့စဉ် ထုတ်လွင့်သော ဘန်ကောက်မြို့ စတော(့က်)အိက်(စ်)ချိန်း သတင်း၏ INDEX မှ ခန့်မှန်းရ ခက်သော နောက်ဆုံး စာရင်းပိတ် ဂဏန်းနှစ်လုံး အား အခြေခံ ထား၍ ကစားခြင်း ဖြစ်သည်။ ထိုနည်းတူစွာ "သုံးလုံးထီ" မှာ လည်း ထိုင်းနိုင်ငံ၏ နှစ်ပတ်လျှင် တကြိမ် ဖွင့်သော အစိုးရ ထီ မှ သုံးလုံးတိုက် ဆု ကို အခြေခံ သည်။ အရ များနိုင် သလို အရှုံး လည်း များနိုင်ပါသည်။
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှ နေအိမ်အောက်ထပ် တွင် မော်တာ အသေးစားများ နှင့် မီးစက် များပြုပြင်ခြင်း ဖြင့် အသက်မွေးသော ကိုကျော်ကျော် [အမည်ရင်းမဟုတ်] သည်၊ ၎င်း ဝင်ငွေ၏ သုံးပုံတပုံအား တရားမဝင် ထီ ကိုပုံမှန် ကစား လေ့ရှိပြီး၊ အရှုံးနှင့် သာ ရင်ဆိုင်နေရသည်။ မည်သို့ဆိုစေ ကိုကျော်ကျော် က "တနေ့ နှစ်ကြိမ်တော့ မျှော်လင့်ချက် လေးရှိ သဗျို့" ဟုဆိုပါသည်။ ဒိုင်ပွဲစား များကလည်း နေစဉ် အိမ်တိုင်ရာရောက် လောင်းကြေး ကောက်ယူပြီး ပွဲခ ၁၀ရာခိုင်နှုံး ဖြတ်ယူ လေ့ရှိသည်။
သတိပြုတတ်ကြရန်
မြန်မာနိုင်ငံတွင် လောင်းကစားသည် တရားမဝင် သည့် အပြင်၊ ဖမ်းမိ ပါက ထိုးသားရော ဒိုင်ပါ အနည်းဆုံး သုံးလ မှ နှစ် နှစ်အထိ အကျည်းချ အပြစ်ပေး နိုင်သည်။ သို့သော်လည်း လောင်းကစား သမားများ နှင့် လုံခြုံရေးများ ကြိုတင် အပေးအယူ ရှိထားပြီဖြစ်သည်။ ထို့အပြင် ဆုကြီးပေါက် သူများ ထံ မှလည်း လူခြုံရေး များဆီသို့ အချိုးကြ ပို့ပေးရသည် များလည်း ရှိတတ်သည်။
အစိုးရမဟုတ်သော လူမှုရေး အဖွဲအစီး များ အနေဖြင့် ယင်းသို့ လောင်းကစားမှု နှင့် ယှဉ်တွဲသော ပြဿနာများ ကို ကျေးရွာအဆင့် မှ စ တင် ကူညီဖြေရှင်း လိုကြသည်။ ကလေးသူငယ်များ အား ကာကွယ်ပေးခြင်း၊ ပညာရေး အရေးကြီးပုံ ဂရုပြု တတ်လာအောင် လေ့ကြင့်ပေးခြင်း မှ အစ, ကျေးရွာထောက်ပံ့ရေး အသေးစားရံပုံငွေ ချပေးခြင်း စသည်တို့ကို ဆောင်ရွက် ပေးနိုင်ပါ လျှင်၊ လောင်းကစားမှု၏ အကျိုးယုတ်မှုများ ကိုကျေးရွာအုပ်စု အသင်းသား များ ခြင်းခြင်း အတွ့အကြုံဖလှယ် ခြင်းဖြင့် အချိန်မှီ တားဆီးနိုင် ပါသည်။
လောင်းကစားခြင်း တွင် ဒိုင် များသာလျှင် ချမ်းသာလာပြီး၊ ထိုးသား များမှာ ဘဝ တခုလုံး ပျက်စီး သွားသည် ကို ကျနော်တို့ မြင်နေရသလို ကစားသူများ မြင်ပါက၊ သူတို့ ထို လောင်းကစားခြင်း ကိုစွန့်လွှတ် လိမ့်မည် ဟု၊ ထို လူမှုရေး ဝန်ထမ်း ကပြောပါသည်။
ဇွန်လ၂၀ရက် ထုတ် IRIN သတင်းဆောင်းပါးTAKING BETS ON INCREASED POVERTY ကို ဆီလျော် အောင်ပြန်ဆိုပါသည်။

No comments:
Post a Comment